တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ဘေးဒဏ်သင့်မှုနေရာ အခြေအနေကို ရှီးဇန့်ဒေသ လားဆမြို့ မီးသတ်ကယ်ဆယ်ရေးအသင်း မိုဘိုင်းအဖွဲ့ခွဲက ဒရုန်းဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်က စစ်ဆေးကြည့်ရှုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံဘက်အခြမ်းတွင်  ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားခြင်းကြောင့် ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ကျီလုန်အဝင်အထွက်ဂိတ်၌ လူသေဆုံးဒဏ်ရာရမှုနှင့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသားအာကာသဦးစီးဌာန (CNSA) က အာကာသအရေးပေါ်တုံ့ပြန်လုပ်ဆောင်မှု ယန္တရားကို လျင်မြန်စွာစတင်၍ ဂြိုဟ်တုအရင်းအမြစ်များအား စီမံညှိနှိုင်းတွဲဖက်ကာ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့်ဒေသအား အရေးပေါ်ပုံရိပ်ဖမ်းယူမှု လုပ်ဆောင်ခဲ့ပြီး တစ်ချိန်တည်းတွင် ဘေးဒဏ်သင့်ဒေသ၏ ယခင်ပုံရိပ်များကိုလည်း ရှာဖွေစစ်ဆေးမှု လုပ်ကိုင်ခဲ့သည်။

ဩဂုတ် ၂၆ ရက် ည ၇ နာရီတွင် ပထမဆုံးအသုတ် အချက်အလက်ရုပ်ပုံများကို အရေးပေါ်ပေးပို့ပေးခဲ့ပြီးနောက် ဩဂုတ် ၂၇ ရက် ညနေ ၅ နာရီအထိ CNSA သည် ဘေးအန္တရာယ်မဖြစ်ပွားခင်က ပုံရိပ် ၅ ခုနှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ပုံရိပ် ၁၀ ခုကို အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာန အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးစင်တာ၊ ရေအရင်းအမြစ်ဝန်ကြီးဌာန အချက်အလက်စင်တာ၊ သဘာဝ သယံဇာတဝန်ကြီးဌာန အမျိုးသားအခြေခံ ဘူမိဗေဒ အချက်အလက်စင်တာနှင့် ရှီးဇန့်၊ စီချွမ်း၊ ကန်းစု စသည့် ပြည်နယ်အဆင့် ရုပ်ထွက်ကြည်လင်သည့် အချက်အလက်နှင့် လက်တွေ့အသုံးချမှုစင်တာသို့ ပေးပို့ခဲ့ပြီး ဘေးအန္တရာယ်ဖြစ်ပွားမှုအခြေအနေအား အကဲဖြတ်မှု၊ ဘေးအန္တရာယ်လျှော့ချမှုနှင့် ကယ်ဆယ်မှုအတွက် ထိရောက်သော ဂြိုဟ်တုအချက်အလက် အာမခံမှုများအား အချိန်မီပံ့ပိုးပေးခဲ့သည်။

ဆက်လက်ပြီး CNSA သည် ဘေးအန္တရာယ်ဖြစ်ပွားမှုအား အနီးကပ်စောင့်ကြည့်သွားကာ သက်ဆိုင်ရာဌာနနှင့် ချိတ်ဆက်ပူးတွဲလုပ်ဆောင်မှုများ မြှင့်တင်ပြီး အာကာသအချက်အလက် ပံ့ပိုးမှုကို အစွမ်းကုန် ကောင်းမွန်စွာ ဆောင်ရွက်ပေးခြင်းဖြင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွင် သိပ္ပံနည်းကျ ဆုံးဖြတ်နိုင်ရန်အတွက် အားကောင်းသောပံ့ပိုးမှု လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ဘေးဒဏ်သင့်မှုနေရာ အခြေအနေကို ရှီးဇန့်ဒေသ လားဆမြို့ မီးသတ်ကယ်ဆယ်ရေးအသင်း မိုဘိုင်းအဖွဲ့ခွဲက ဒရုန်းဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်က စစ်ဆေးကြည့်ရှုနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ဘေးဒဏ်သင့်မှုနေရာ အခြေအနေကို ရှီးဇန့်ဒေသ လားဆမြို့ မီးသတ်ကယ်ဆယ်ရေးအသင်း မိုဘိုင်းအဖွဲ့ခွဲက ဒရုန်းဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်က စစ်ဆေးကြည့်ရှုနေစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

中国国家航天局协调卫星资源支持西藏吉隆县抢险救灾

新华社北京8月27日电(记者顾天成)8月26日10时30分许,因尼泊尔一侧发生泥石流灾害,造成西藏日喀则市吉隆县吉隆口岸重大人员伤亡、失联。国家航天局迅速启动航天应急响应机制,统筹协调卫星资源对泥石流受灾区域进行应急成像,同步查询灾区历史影像。  

据悉,自26日19时完成首批数据影像紧急推送以来,截至27日17时,国家航天局已分批将5景灾前影像、10景灾后影像推送至应急管理部国家减灾中心、水利部信息中心、自然资源部国家基础地理信息中心,以及高分西藏、四川、甘肃等省级数据与应用中心,为灾情研判和减灾救灾提供及时有效的卫星数据保障。  

后续,国家航天局将持续密切关注灾情,加强与相关部门沟通联动,全力做好空间信息支持,为抢险救灾的科学决策提供有力支持。(完)

图说1、2:8月27日,拉萨消防救援机动支队利用无人机查看受灾现场情况。新华社记者 晋美多吉 摄