
လားဆ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်တွင် ရွှံ့နွံပြိုကျမှု ဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေး အင်အားအသီးသီးက အချင်းဖြစ်ရာနေရာသို့ ရောက်လာကာ ပြည်သူလူထုနှင့် ခရီးသွားဧည့်သည်များ ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းနေရာချထားပေးရေးလုပ်ငန်းများကို ဘက်စုံ လုပ်ဆောင်ခဲ့ကြောင်း ရှီးဇန့်ဒေသ ကျီလုန် ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ကွပ်ကဲမှုဌာနထံမှ ဩဂုတ် ၂၇ ရက်တွင် သိရသည်။ လက်ရှိအချိန်အထိ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့် ဒေသခံ ၄၉၉ ဦးစလုံးကို ဘေးကင်းရာသို့ နေရာချထားပေးပြီးဖြစ်ကာ၊ ပိတ်မိနေသည့် ခရီးသွားဧည့်သည် ၅၅၅ ဦးကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ရစ်ခါကျယ်မြို့အနေဖြင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသော ဒေသများရှိ ပြည်သူများကို တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ ရွှေ့ပြောင်းပေးသင့်သူများကို အကုန်အစင် ရွှေ့ပြောင်းပေးခဲ့သည့်အပြင် စုစည်းနေရာချထားရေးစခန်းများတွင်လည်း နေ့စဉ်ဘဝ လိုအပ်ချက်များကိုပါ တစ်ပြိုင်နက်တည်း စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
လက်ရှိတွင် ဘေးဒဏ်သင့်သူ ၄၉၉ ဦးစလုံးကို သင့်လျော်ကောင်းမွန်စွာ နေရာချထားပေးပြီးဖြစ်ရာ ၎င်းတို့အနက် ဆလဲ့ကျေးရွာစု ကောပါးကျေးရွာ ၁၈၀ ဦး၊ စဲ့ချုံကျေးရွာ ၄၀ ဦး၊ လားပီကျေးရွာ ၁၀၇ ဦး၊ ကျီလုန်မြို့နယ် လောင်ကျန်းကျေးရွာ ၅၅ ဦး၊ ချုံးစဲ့ကျေးရွာ ၈၈ ဦးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သား ၂၉ ဦးတို့ ပါဝင်ကြသည်။
တစ်ချိန်တည်းတွင်ပင် သက်ဆိုင်ရာဌာနများက အင်အားများကို စုစည်း၍ ကျီလုန်မြို့နယ်သို့ ခရီးထွက်ရန် စီစဉ်ထားကြသော ခရီးသွားများကို ပြန်လှည့်ရန် စိတ်ရှည်လက်ရှည်ဖြင့် ဖျောင်းဖျခဲ့ကြပြီး ဟိုတယ်များ၏ ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်တပ်တစ်အား ရယူကာ ဟိုတယ်တွင် တည်းခိုနေပြီးသား ခရီးသွားဧည့်သည်များ အမြန်ဆုံး ထွက်ခွာကြရန် တစ်နေရာချင်းစီ ဖျောင်းဖျလမ်းညွှန်ပေးခြင်းဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် ၎င်းတို့၏ ပံ့ပိုးကူညီမှုကို ရယူနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။
ခရီးသွားဧည့်သည်များ၏ ခရီးစဉ်အစီအစဉ် ကွဲပြားချက်များအလိုက် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စသည့် သက်ဆိုင်ရာဌာနများ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ဘေးဒဏ်ကြောင့် သက်ရောက်မှုရှိသူ စုစုပေါင်း ခရီးသွား ၅၅၅ ဦးကို ဘေးလွတ်ရာသို့ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ လက်ရှိတွင် ပိတ်မိနေသည့် ခရီးသွားဧည့်သည် တစ်ဦးတစ်ယောက်မျှ မရှိတော့ဘဲ ကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
吉隆受灾害影响的群众完成安置 滞留游客完成转移
新华社拉萨8月27日电 记者27日从西藏吉隆泥石流灾害救援指挥部了解到,吉隆县泥石流灾害发生后,各救援力量赶赴现场,全面开展群众与游客转移安置工作。截至目前,受泥石流灾害影响的499名群众完成安置,滞留的555名游客完成转移。
灾情发生后,日喀则市对受灾害威胁区域群众做到应转尽转、不落一人,同步统筹做好集中安置点各项生活服务保障。目前,受影响的499名人员已全部得到妥善安置,其中包括萨勒乡郭巴村180人、色琼村40人、拉比村107人,吉隆镇老江村55人、冲色村88人,以及施工队29人。
同时,相关部门组织力量,对计划赴吉隆镇旅行的游客进行耐心劝返;积极争取酒店支持配合,点对点劝说引导已入住游客尽快离店,争取其对抢险救援工作的支持。根据游客不同行程安排,在文旅等相关部门协调下,累计完成555名受影响游客疏散转移。目前,无滞留游客。救援工作仍在有序推进中。(完)
1. 这是8月27日拍摄的吉隆边境派出所营区内搭建起的救灾帐篷(无人机照片)。新华社发
2. 8月27日,吉隆县公安局民辅警在萨勒乡搭建帐篷。新华社发








