ပေကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် ကမ္ဘာ့လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ ပြေးခုန်ပစ် မီတာ ၁၀၀ အပြေးပြိုင်ပွဲ ဖိုင်နယ်ပွဲကို ဩဂုတ် ၂၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမျိုးသား မြန်နှုန်းမြင့် ရေခဲစကိတ်အားကစားရုံ၌ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ထျန်းကျောင်းအသင်းမှ လူပုံစံတူစက်ရုပ်သည် ၈.၆၄ စက္ကန့်ရလဒ်ဖြင့် အကြီးတန်းအုပ်စု ပထမဆုကို ဆွတ်ခူးရရှိခဲ့ပြီး ထျန်းရှောင်းအသင်းမှ လူပုံစံတူစက်ရုပ်မှာ ၁၁.၉၈ စက္ကန့် ရလဒ်ဖြင့် အငယ်တန်းအုပ်စု ပထမဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
.................................
(Chinese Version)
8秒64,机器人“百米飞人赛”实现突破
新华社照片,北京,2026年8月26日
8月26日,在北京国家速滑馆“冰丝带”举行的第二届世界人形机器人运动会田径100米决赛中,天骄队的人形机器人以8秒64的成绩获得大型组冠军,天骁队的人形机器人以11秒98的成绩获得小型组冠军。








