တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Irkeshtam စခန်းသို့ ဝင်ရောက်လာသော ထရပ်ကားများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Irkeshtam စခန်းသို့ ဝင်ရောက်လာသော ထရပ်ကားများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ကာဂျစ္စတန်နိုင်ငံရှိ ကျေးရွာများမှ နံနက်ခင်းတွင် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသော ချယ်ရီသီးများနှင့် ဖရဲသီးများမှာ ယခုအခါ ကီလိုမီတာရာပေါင်းများစွာ ခရီးနှင်လျက် တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အနောက်တောင်ဘက်စွန်းရှိ အိုအေစစ်မြို့လေးဖြစ်သော ခါးစန်းမြို့ရှိ စျေးကွက်များသို့ ညနေခင်းအချိန်၌ ရောက်ရှိလာနိုင်ပြီဖြစ်သည်။

ထိုလမ်းခရီးကို တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် အဝေးပြေးလမ်းမကြီး ဖြစ်နိုင်စေခဲ့သည်။ ယင်းလမ်းမကြီးသည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အဆိုပြုခဲ့သော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အောက်ရှိ စီမံကိန်းတစ်ခုဖြစ်ပြီး ဗဟိုအာရှဒေသရှိ ကြမ်းတမ်းသော တောင်တန်းအသွယ်သွယ်ကို ကျော်ဖြတ်၍ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ သုံးနိုင်ငံသည် နောက်ထပ် အဓိက နယ်စပ်ဖြတ်ကျော် စီမံကိန်းတစ်ခုဖြစ်သော တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်းအား တည်ဆောက်လျက်ရှိရာ ကုန်ပစ္စည်းပို့ဆောင်မှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်သလို လမ်းခရီးတစ်လျှောက်ရှိ ပြည်သူများ၏ လူမှုဘဝ တိုးတက်လာရန်လည်း ရည်ရွယ်ထားသည်။

ဗဟိုအာရှဒေသကိုဖြတ်၍ တိုးချဲ့လာသော အဆိုပါ ကွန်ရက်ချိတ်ဆက်မှုသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရန်နှင့် ခင်မင်ရင်းနှီး၍ လုံခြုံမှုရှိကာ သာယာဝပြောသော အိမ်နီးချင်းကောင်းပီသမှုကို တွန်းအားပေးရအတွက် နှစ်များစွာ ဦးဆောင်ဦးရွက်ပြုခဲ့သည့် ရှီ၏ ပိုမိုကြွယ်ဝလှသော အမြော်အမြင်ကို လှစ်ဟပြလိုက်ခြင်းလည်းဖြစ်သည်။

ရှီသည် မကြာမီကာလအတွင်း တရုတ်နိုင်ငံ၏ အနောက်ဘက်အိမ်နီးချင်းဖြစ်သော ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကာ ဘစ်ရှ်ကက်မြို့တွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်ပြီး ယင်းမှာ ရှီ၏ အိမ်နီးချင်းသံတမန်ဆက်ဆံရေးအတွက် အဓိကလှုပ်ရှားမှုတစ်ရပ်လည်း ဖြစ်ပေသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260826/ec674af81b8142d589151a02702f5a9c/c.html

………………

(English Version)

Xi advances a shared future with China's neighbors

BEIJING, Aug. 26 (Xinhua) -- Picked fresh in Kyrgyz villages in the morning, cherries and melons can now travel hundreds of kilometers and reach markets in Kashgar, an oasis city in the southwestern corner of China's Xinjiang Uygur Autonomous Region, by evening.

The journey is made possible by the China-Kyrgyzstan-Uzbekistan highway, which winds through the rugged mountains of Central Asia, a project under the Belt and Road Initiative proposed by Chinese President Xi Jinping. Shipment will be expedited as the three countries are also seeing the construction of another major cross-border project -- the China-Kyrgyzstan-Uzbekistan railway -- aimed at improving the well-being of people along the route.

The expanding connectivity across Central Asia offers a glimpse into a broader vision Xi has championed over the years: to pursue friendships and partnerships with China's neighbors and foster an amicable, secure and prosperous neighborhood.

Xi will soon pay a state visit to Kyrgyzstan, China's neighbor to the west, and attend the Shanghai Cooperation Organization (SCO) summit in Bishkek, a major move of his neighborhood diplomacy.

https://english.news.cn/20260826/ec674af81b8142d589151a02702f5a9c/c.html

Photo caption 1: This aerial photo taken on Nov. 7, 2023 shows trucks entering the Irkeshtam port in northwest China's Xinjiang Uygur Autonomous Region. (Xinhua/Ding Lei)

Photo caption 2: Chinese President Xi Jinping greets the welcoming crowd in Astana, Kazakhstan, June 16, 2025. (Xinhua/Yin Bogu)