တရုတ်နိုင်ငံ ချုံချင့်မြို့ ဖုန်းတူးခရိုင် ပေါင်းလွမ်မြို့နယ် ရှုခင်းမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့ ဖုန်းတူးခရိုင် ပေါင်းလွမ်မြို့နယ် ရှုခင်းမြင်ကွင်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့ ဖုန်းတူးခရိုင် ပေါင်းလွမ်မြို့နယ်သည် ဝူလျင်တောင်တန်းဒေသတွင် တည်ရှိပြီး ဆန်စပါးနှင့် ဆီထွက်သီးနှံ စိုက်ပျိုးခြင်း၊ ပန်းပင် ပျိုးပင်များ၊ တောင်ပေါ်ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ စသည့် ထုတ်လုပ်မှုလုပ်ငန်းများရှိကာ ဖုန်းတူး ဆီလီနီယမ်-စထရွန်တီယမ်ကြွယ်ဝသောငါး စသည့် ဒေသထွက်ထုတ်ကုန်များကို ပေါများစွာ ထုတ်လုပ်သည်။

မကြာသေးမီနှစ်များအတွင်း ပေါင်းလွမ်မြို့နယ်သည် “ကျေးလက်ခရီးသွားနေရာ” ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို အာရုံစိုက်ကာ ခရီးသွားဧည့်သည်လက်ခံရေးစင်တာ၊ ဖုန့်ဟွမ်ထိုင် စသည့် တွဲဖက်အဆောက်အအုံများစွာကို ဆက်တိုက်တည်ဆောက်ခဲ့ပြီး “ပေါင်းလွမ်မြို့တွင် ဆောင်းဦးရာသီဖြတ်သန်းခြင်း” ၊ “ကျေးလက်တေးသီချင်း၊ ကျေးလက်ညပိုင်းဖျော်ဖြေပွဲနှင့် ကျေးလက် အားကစားပွဲတော်” စသည့် လှုပ်ရှားမှုအမှတ်တံဆိပ်များကို ဖန်တီးခဲ့ရာ ပေါင်းလွမ်မြို့နယ်ကို သမားရိုးကျစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့်ကျေးရွာမြို့နယ်မှ စိုက်ပျိုးရေး-ယဉ်ကျေးမှု-ခရီးသွားလုပ်ငန်း ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး စံပြမြို့နယ်အဖြစ် ပြောင်းလဲစေခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် မြို့နယ်တစ်ဝန်း ခရီးသွားဧည့်သည် ခရီးစဉ် အကြိမ်ရေ ၅၃၅,၀၀၀ ကို လက်ခံခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဘက်စုံဝင်ငွေ ယွမ် ၂၁ သန်း ရရှိခဲ့သည်။ (Xinhua)

..................................

(Chinese Version)

重庆丰都:农文旅融合助力和美乡村建设

新华社照片,重庆,2026年8月26日

重庆市丰都县包鸾镇地处武陵山区,拥有粮油种植、花卉苗木、高山蔬菜、水果等产业,盛产丰都硒锶鱼等特色物产。

近年来,包鸾镇紧扣“乡村游目的地”发展定位,先后建成游客接待中心、凤凰台等配套设施,打造“秋在包鸾”“村歌村晚村运会”等活动品牌,推动包鸾镇从传统农业乡镇蝶变为农文旅融合发展示范镇。2025年,全镇接待游客53.5万人次,实现旅游综合收入2100万元。

图说1:这是8月26日拍摄的重庆市丰都县包鸾镇景色(无人机照片)。 新华社记者 唐奕 摄

图说2:8月26日,游客在重庆市丰都县包鸾镇的稻田里游玩拍照。新华社记者 唐奕 摄