တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွေးပြည်နယ် ရွှမ်းချိန်မြို့ ကျင်တယ်ခရိုင် လူရှီးရွာရှိ လက်ဖက်ခြံများ ဝေဟင်မြင်ကွင်းကို ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွေးပြည်နယ် ရွှမ်းချိန်မြို့ ကျင်တယ်ခရိုင် လူရှီးရွာရှိ လက်ဖက်ခြံများ ဝေဟင်မြင်ကွင်းကို ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရ အဆင့်မြင့်အရာရှိများက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အောင်မြင်မှုများ ဆက်လက်ခိုင်မာစေပြီး ပိုမိုတိုးချဲ့နိုင်ရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြသည်။

ဒုတိယဝန်ကြီးချုပ် လျိုကော်ကျုံး နှင့် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် တာဝန်ရှိသူများသည် လက်ရှိ ကျင်းပလျက်ရှိသော တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏  ဩဂုတ် ၂၆ ရက်အစည်းအဝေးအတွင်း အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ကြခြင်းဖြစ်သည်။

ဥပဒေပြုပုဂ္ဂိုလ်များအနေဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ အောင်မြင်မှုများကို ခိုင်မာအောင် ဆက်လက် ထိန်းသိမ်းပြီး ပိုမိုတိုးချဲ့ရန်နှင့် ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်အစီရင်ခံစာကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပူးတွဲမေးမြန်းဆွေးနွေးမှုလည်း ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဥပဒေပြုပုဂ္ဂိုလ်များက မြို့ပြနှင့် ကျေးလက်ဒေသနေ ပြည်သူများအတွက် အခြေခံပင်စင်အာမခံစနစ် ပိုမိုကောင်းမွန်လာစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ဖော်ဆောင်ထားသည့် စီးပွားရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းရေး၊ ဆင်းရဲနွမ်းပါးမှုမှလွတ်မြောက်လာသူများ ဝင်ငွေတိုးတက်စေရေး စသည်တို့အပြင် ကျေးလက်ဒေသ၌ သက်ကြီးရွယ်အိုလူဦးရေပြဿနာများ  ကိုင်တွယ်ဖြေရှင်းရေး စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍လည်း  မေးမြန်းခဲ့ကြသည်။

လျို နှင့် တာဝန်ရှိသူများက ဥပဒေပြုအမတ်များ၏အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များကို နားထောင်ခဲ့ကြပြီး မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာတွင် ပုံမှန်ကူညီပံ့ပိုးမှုများ ထည့်သွင်းဆောင်ရွက်သင့်ကြောင်း လျို က  ပြောကြားခဲ့သည်။ အမြောက်အမြား ပြန်လည် ဆင်းရဲနွမ်းပါးမှု ကျရောက်ခြင်း သို့မဟုတ် ဆင်းရဲနွမ်းပါးမှုအသစ်ဖြစ်ပေါ်ခြင်း တို့မှကာကွယ်ရန် ရည်မှန်းချက်ထား၍ စောင့်ကြည့်ကူညီပေးမှုများ ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။

ကျေးလက်ဒေသရှိ စက်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အအုံများနှင့် အုပ်ချုပ်မှုစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လည်း ၎င်းက ထပ်မံတိုက်တွန်းခဲ့သည်။

အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝူဝေ့ဟွာ က အစည်းအဝေးအား ကြီးမှူးကျင်းပခဲ့ပြီး နိုင်ငံတော်ကောင်စီနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ဥပဒေပြုအမတ်များ တင်ပြခဲ့သည့် အကြံပြုချက်များကို လေ့လာသုံးသပ်၍ ဖြေရှင်းဆောင်ရွက်ရန်၊ ဆောင်ရွက်ပြီးစီးမှုများနှင့် နောက်ဆက်တွဲလုပ်ဆောင်ချက်များကို ဥပဒေနှင့်အညီ NPC အမြဲတမ်းကော်မတီထံ အစီရင်ခံစာတင်ပြရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

...........................

(English Version)

China vows to consolidate poverty alleviation gains, advance rural revitalization

BEIJING, Aug. 26 (Xinhua) -- Senior officials from the Chinese government have pledged continued efforts to consolidate and expand the achievements of poverty alleviation and promote rural revitalization.

These officials, including Vice Premier Liu Guozhong and representatives from several ministries and relevant authorities, made the remarks on Wednesday at a meeting held during an ongoing session of the National People's Congress (NPC) Standing Committee.

Lawmakers deliberated a report on efforts to consolidate and expand achievements in poverty alleviation and advance all-around rural revitalization. They also launched a joint inquiry at the meeting, which was attended by Zhao Leji, chairman of the NPC Standing Committee.

At the meeting, lawmakers raised questions about improving basic pension insurance for urban and rural residents, sustaining poverty-relief industries and increasing incomes for people lifted out of poverty, as well as addressing rural population aging, among other issues.

Liu and the officials listened to the lawmakers' comments and addressed their questions.

Liu said regular support should be incorporated into the rural revitalization strategy, with targeted monitoring and assistance to prevent a large-scale return to or emergence of poverty.

He also called for further development of rural industries, infrastructure and governance.

Presiding over the meeting, Wu Weihua, vice chairman of the NPC Standing Committee, called on the State Council and relevant departments to study and address the suggestions raised by lawmakers, and submit a report on their follow-up actions to the NPC Standing Committee in accordance with the law.

Photo caption: A drone photo taken on May 15, 2026 shows a view of the tea gardens in Luxi Village of Jingde County, Xuancheng City, east China's Anhui Province. (Xinhua/Zhou Mu)