
ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
ဒုတိယအကြိမ် ကမ္ဘာ့လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲကို ဩဂုတ် ၂၆ ရက်တွင် ကျင်းပပြီးစီးခဲ့သည်။ ၅ ရက်ကြာ ပြိုင်ပွဲကျင်းပမှုအတွင်း လူပုံစံတူစက်ရုပ် အမျိုးအစားရာချီ၊ စက်ရုပ် ၂,၀၀၀ ကျော်သည် တစ်နေရာတည်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ နာရီထောင်ချီ လည်ပတ်မှုအချက်အလက်၊ အကြိမ်ရေသောင်းချီ လှုပ်ရှားမှုမှတ်တမ်းများကို အပြည့်အဝ မှတ်တမ်းတင်နိုင်ခဲ့သည်။
လူပုံစံတူစက်ရုပ်များ၏ မီတာ ၁၀၀ အပြေးပြိုင်မှုရလဒ်သည် ၁၀ စက္ကန့်အတွင်းရှိမှု၊ အမြင့် ၃.၄ မီတာအထိ ခုန်နိုင်မှု၊ စက်ရုံအတွင်းဝင်ရောက်၍ ပစ္စည်းများအား ရွှေ့ပြောင်းထည့်သွင်းမှု၊ ဟိုတယ်တွင် ဧည့်သည်အခန်းများအား သန့်ရှင်းရေးလုပ်မှု၊ စူပါမားကတ်တွင် ပစ္စည်းကောက်ယူ၍ ပြန်လည်ဖြည့်တင်းမှု၊ အရေးပေါ်တုံ့ပြန်မှု အခင်းဖြစ်ပွားရာနေရာ၌ ဘေးအန္တရာယ်အခြေအနေအား စီမံမှု စသည်တို့ဖြင့် ယှဉ်ပြိုင်မှု ပြိုင်ပွဲများစွာတွင် ယခင်အကြိမ် အားကစားပွဲ စံချိန်မှတ်တမ်းများကို ချိုးဖျက်နိုင်ခဲ့သည်။
ယခုအကြိမ်ပြိုင်ပွဲအနက် ရလဒ်များစွာသည် ယခင်အကြိမ်ပြိုင်ပွဲထက် အရည်အသွေးဆိုင်ရာ ခုန်ပျံကျော်လွှား တိုးတက်မှုများ ရရှိခဲ့သည်။ မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ယခင်အကြိမ်ပြိုင်ပွဲက ၁ မိနစ် ၂၈.၀၃ စက္ကန့်ကထက် ယခုအကြိမ်ပြိုင်ပွဲ၏ အငယ်တန်းအုပ်စုတွင် ၄၅.၆၆ စက္ကန့်အထိလည်းကောင်း၊ အကြီးတန်းအုပ်စုတွင် ၃၈.၁၅ စက္ကန့်အထိ လည်းကောင်း တိုးတက်လာခဲ့သည်။ မီတာ ၁,၅၀၀ အပြေးပြိုင်ပွဲတွင် ယခင်အကြိမ်ပြိုင်ပွဲ၏ ၆ မိနစ် ၃၄.၄၀ စက္ကန့်မှ ယခုအကြိမ်ပြိုင်ပွဲတွင် ၂ မိနစ် ၂၁.၆၄ စက္ကန့်အထိ လည်းကောင်းထိုးဖောက်မှု ရရှိခဲ့ပြီး မတ်တတ်ရပ်အမြင့်ခုန်မှုသည် ယခင်အကြိမ်ပြိုင်ပွဲတွင် ၀.၉၅၆၄၁ မီတာမှ ယခုအကြိမ်တွင် ၃.၄၀ မီတာအထိ လည်းကောင်း တိုးတက်လာခဲ့သည်။
ပြေးခုန်ပစ်အားကစားပြိုင်ပွဲများအပြင် ဘောလုံး၊ ဂျွမ်းဘား၊ အလေးမ၊ street dance ၊ အားကစားအက၊ ဝူရှူး၊ လွန်ဆွဲမှု၊ အိုးအတွင်းမြားပစ်မှု၊ စားပွဲတင်တင်းနစ်၊ ကစ်ဘောက်ဆင် (Kick Boxing) စသည့် အားကစားပြိုင်ပွဲများတွင် လူပုံစံတူစက်ရုပ်များကလည်း တစ်မူထူးခြားသော ဆွဲဆောင်မှုအားများ ဖော်ပြခဲ့ပြီး ပရိသတ်များကို မျက်စိပသာဒဖြစ်စေခဲ့သည်။
ဒုတိယအကြိမ် ကမ္ဘာ့လူပုံစံတူစက်ရုပ် အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်က ဆုတံဆိပ်တစ်ခု ပေါ်ထွက်လာမှုတိုင်းသည် လူပုံစံတူစက်ရုပ်က “လက်တွေ့အသုံးဝင်မှု” ဆီသို့ တက်လှမ်းသော ခြေလှမ်းတစ်လှမ်းကို သင်္ကေတပြုနေကြောင်း၊ လက်တွေ့ယှဉ်ပြိုင်မှုဖြင့် စစ်ဆေးပြီး လိုအပ်ချက်ကို ဦးတည်ချက်အဖြစ်ထားရှိခြင်းသည် ပြိုင်ပွဲကျင်းပရခြင်း၏ မူလရည်ရွယ်ချက်နှင့် တာဝန်ဖြစ်ကြောင်း၊ ပြိုင်ပွဲအသီးသီးတွင် စက်ရုပ်များ အောင်မြင်စွာ ယှဉ်ပြိုင်လုပ်ဆောင်နိုင်မှု အခြေအနေသည်လည်း လူများစွာ၏ မျှော်မှန်းထားသည်ထက် ကျော်လွန်နေကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်အားကစားပြိုင်ပွဲတွင် နိုင်ငံနှင့်ဒေသပေါင်း ၁၆ ခုမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၆၆၆ သင်း၊ လူပုံစံတူစက်ရုပ် အားကစားသမားပေါင်း ၂,၀၅၆ ရုပ် ပါဝင်ကာ ပြိုင်ပွဲကစားနည်းပေါင်း ၅၁ မျိုးတွင် ပြိုင်ပွဲအကြိမ်ပေါင်း ၁,၃၀၂ ကြိမ်ကျင်းပ၍ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
第二届世界人形机器人运动会多项纪录被破
新华社北京8月26日电(记者阳娜)第二届世界人形机器人运动会26日闭幕。五天赛程,百余款、超两千台人形机器人同场竞技,数千小时运行数据、上万次动作捕捉被完整记录。人形机器人百米跑进10秒、跳出3.4米的高度,走进工厂搬运上料、酒店整理客房、超市拣货补货、应急现场处置险情等,竞技比赛多个项目成绩打破上届纪录。
本届赛事中,多项成绩较上届实现质的飞跃:400米跑由上届1分28秒03提升至本届小型组45秒66、大型组38秒15;1500米跑从上届6分34秒40,突破到本届2分21秒64;原地跳高从上届0.95641米跃升至3.40米等。
除田径项目外,在足球、体操、举重、街舞、体育舞蹈、武术、拔河、投壶、乒乓球、自由搏击等赛项中,人形机器人也展现出别样魅力,让观众一饱眼福。
第二届世界人形机器人运动会组委会相关负责人表示,每一枚奖牌的诞生,都标记着人形机器人向“实用”迈进的一步。用实战来检验,以需求为牵引,这是办赛的初心使命。各赛项机器人的完成情况,也超出了很多人的预期。
据悉,本届运动会共有来自16个国家和地区的666支参赛队伍、2056台人形机器人运动员,聚焦51个赛项进行1301场对决。(完)
图说1:8月26日,天骄队(右一)、天骁队(右二)的人形机器人在100米大型组的决赛中。新华社记者 鞠焕宗 摄
图说2:8月26日,宇树科技队的人形机器人在武术自选拳术的比赛中。新华社记者 鞠焕宗 摄








