
ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် David Perdue နှင့် ဩဂုတ် ၂၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက နှစ်နိုင်ငံအကြီးအကဲများ၏ ပဲ့ကိုင်လမ်းညွှန်မှုအောက်တွင် နှစ်ဖက်အနေဖြင့် အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်မှုကို တွန်းအားပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်တိုးတက်စေရန်၊ အပြန်အလှန် လေးစားမှုအပေါ် အခြေခံ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန်နှင့် ထိုမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများနှင့် ကိုက်ညီသကဲ့သို့ နိုင်ငံတကာ အသိုက်အဝန်း၏ ဘုံမျှော်လင့်ချက်များနှင့်လည်း ကိုက်ညီကြောင်း လက်တွေ့ဖြစ်ရပ်များက သက်သေပြလျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်-အမေရိကန် ဆက်ဆံရေးသည် အမျိုးမျိုးသော အန္တရာယ်နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးအနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသည့် အရေးကြီးသော သဘောတူညီချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်၊ အပြုသဘောဆောင်သော ဆွေးနွေးမှုအစီအစဉ်များကို အာရုံစိုက်ရန်၊ ကွဲလွဲမှုများကို သင့်လျော်ကောင်းမွန်စွာ စီမံထိန်းချုပ်ရန်၊ နှစ်နိုင်ငံ အဆင့်မြင့်အလွှာ ဆက်ဆံရေးများအတွက် နှောင့်ယှက်မှုများကို ဖယ်ရှားပေးပြီး အတားအဆီးများကို ကျော်လွှားရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်မှု၊ ကောင်းမွန်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်သော လမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
David Perdue က နှစ်နိုင်ငံအကြီးအကဲများသည် အမေရိကန်-တရုတ် ဆက်ဆံရေးအတွက် အရေးကြီးသော မဟာဗျူဟာမြောက် ဦးဆောင်မှုကို ပံ့ပိုးပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ သမ္မတ ထရမ့်၏ မေလအတွင်း တရုတ်နိုင်ငံခရီးစဉ်သည် အလွန်ပင် အောင်မြင်ခဲ့ကြောင်း၊ နှစ်ဖက်စလုံးအနေဖြင့် ညှိနှိုင်းဆက်သွယ်မှုများကို အားဖြည့်ရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်၊ နောင်လာမည့် အဆင့်မြင့်အလွှာ ထိတွေ့ဆက်ဆံမှုကို ကောင်းမွန်စွာ ပြင်ဆင်ဆောင်ရွက်ရန်၊ လေးစားမှုနှင့် တန်းတူညီမျှမှုတို့အပေါ် အခြေခံ၍ အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသော အမေရိကန်-တရုတ် ဆက်ဆံရေးတည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် David Perdue က တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင်တွင် ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားခြင်းကြောင့် သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် အမေရိကန်နိုင်ငံအနေဖြင့် နှစ်သိမ့်အားပေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
王毅会见美国驻华大使庞德伟
新华社北京8月27日电 8月26日,中共中央政治局委员、外交部长王毅在京会见美国驻华大使庞德伟。
王毅说,在两国元首领航掌舵下,双方正在推动构建中美建设性战略稳定关系。事实证明,改善发展中美关系,在相互尊重基础上和平共处,进而合作共赢,符合两国人民根本利益,符合国际社会共同期待。同时,中美关系仍面临各种风险挑战。双方应把两国元首达成的重要共识落到实处,聚焦积极议程,妥善管控分歧,为两国高层交往排除干扰、克服障碍,推动中美关系朝着稳定、健康、可持续的方向发展。
庞德伟说,两国元首为美中关系提供重要战略引领。特朗普总统5月访华非常成功。双方愿加强沟通,推进合作,筹备好下阶段重要高层互动,在尊重和对等的基础上构建美中建设性战略稳定关系。
庞德伟还代表美方对西藏吉隆遭受泥石流灾害造成人员伤亡表示慰问。(完)
1. 2023年10月28日,中共中央政治局委员、外交部长王毅在华盛顿同美国战略界人士举行座谈。新华社记者 刘杰 摄








