
ဟဲဖေ၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ Hefei Guoxian Holdings Co., Ltd. နှင့် Zero Power Robot (Hefei) Co., Ltd. တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်သည့် Embodied AI စက်ရုပ် စတိုးဆိုင် ၄ ဆိုင်ကို ဩဂုတ် ၂၆ ရက်တွင် အန်းဟွေးပြည်နယ် ဟဲဖေမြို့ရှိ ယဉ်ကျေးမှုခရီးသွားနှင့် စီးပွားရေးလမ်းနေရာများတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၅ စတုရန်းမီတာခန့်ရှိသော ထိုစတိုးဆိုင်များတွင် “အရောင်းစာရေး” အဖြစ် ဘီးတပ် လူပုံစံတူစက်ရုပ်တစ်ရုပ်သာရှိပြီး ဝယ်ယူသူများက အော်ဒါမှာယူပြီးနောက် စက်ရုပ်က ကုန်ပစ္စည်းကို အလိုအလျောက် ခွဲခြားသိရှိခြင်း၊ ကိုင်တွယ်ယူခြင်းနှင့် ပေးပို့ခြင်းတို့ကို ဆောင်ရွက်နိုင်ကာ Embodied AI စက်ရုပ်၏ အာရုံခံနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို နေ့စဉ်စားသုံးမှုကဏ္ဍတွင် ထင်ဟပ်ပြသထားသည်။
ဤဆိုင် လေးဆိုင်သည် လက်လီရောင်းချရာနေရာမျှသာမဟုတ်ဘဲ စက်ရုပ်များအား ကျယ်ကျယ်ပြန့်ပြန့်အသုံးချရန် ဦးတည်သည့် အရေးပါသော လက်တွေ့စမ်းသပ်မှုနေရာလည်းဖြစ်ကြောင်း၊ စတင်လည်ပတ်ပြီးနောက် ဤဆိုင်များသည် မြို့ခံများနှင့် ခရီးသွားဧည့်သည်များကို ပုံမှန်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကာ ဝန်ဆောင်မှုနှင့် တုံ့ပြန်ချက်အကြိမ်များမှတစ်ဆင့် စက်ကိရိယာတည်ငြိမ်မှု၊ လုပ်ဆောင်ရလွယ်ကူမှုနှင့် ဝန်ဆောင်မှုထိရောက်မှုတို့ကို စမ်းသပ်ကာ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
............................................
(Chinese Version)
安徽合肥:具身智能开启商业服务场景
新华社照片,合肥,2026年8月26日
8月26日,由合肥国先控股有限公司和合肥零次方机器人有限公司共同推动落地的4家“具身智能机器人小店”在安徽省合肥市多个文旅和商业街区正式开业。在约15平方米的小店里,只有一台轮式人形机器人“营业员”,顾客下单后,机器人能够自动完成商品识别、抓取和递送,把具身智能机器人的感知、决策和执行能力呈现在日常消费环节中。
据介绍,这4家小店不仅是零售空间,更是机器人走向规模化应用的重要实践场景。开业后,这些小店将常态化服务市民游客,在一次次服务和反馈中检验和提升设备稳定性、操作便利性和服务效率。
图说1:8月26日在合肥市罍街拍摄的一家“具身智能机器人小店”。 新华社记者 周牧 摄
图说2:8月26日,市民在合肥市罍街一家“具身智能机器人小店”体验购物。新华社记者 周牧 摄








