လဲ့လျင် ရုပ်ရှင်နှင့် ဗီဒီယို မြို့တော်၌ ခရီးသွားများ လှည့်လည်ကြည့်ရှု လည်ပတ်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
လဲ့လျင် ရုပ်ရှင်နှင့် ဗီဒီယို မြို့တော်၌ ခရီးသွားများ လှည့်လည်ကြည့်ရှု လည်ပတ်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လဲ့လျင် ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

လွန်ခဲ့သော နှစ်များအတွင်း တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လဲ့လျင်မြို့သည် “ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဖြင့် မြို့ဖွံ့ဖြိုးတိုးတက်ရေး” မဟာဗျူဟာကို တက်ကြွစွာ အကောင်အထည်ဖော်ခဲ့ပြီး လဲ့လျင် ရုပ်ရှင်နှင့် ဗီဒီယို မြို့တော်ကို ဗဟိုပြု၍ “ရုပ်ရှင်၊ ဗီဒီယို + ယဉ်ကျေးမှုခရီးသွား” ပေါင်းစပ်မှု ကဏ္ဍတွင် အစဉ်တစိုက် အားထုတ်ကြိုးပမ်းခဲ့သည်။

လက်ရှိတွင် လဲ့လျင် ရုပ်ရှင်နှင့် ဗီဒီယို မြို့တော်၌ ၁:၁ စကေးအတိုင်း ပြန်လည်ဆန်းသစ် ဖန်တီးထားသော ၁၉၀၀ ပြည့်နှစ် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို တရုတ်တန်း သီးသန့်အပြင်အဆင်ဥယျာဉ်နှင့် ကျင်ရှို့ထန်ဥယျာဉ်ဟူသော ရိုက်ကူးရေးနေရာ အစစ်အမှန် ၂ ခုကို တည်ဆောက်ပြီးစီးခဲ့ကာ ရုပ်ရှင်နှင့် ဗီဒီယို ရိုက်ကူးရေး လုပ်ငန်းပေါင်း ၅၀ ကျော်ကို အစဉ်လိုက် ရိုက်ကူးပြီးစီးခဲ့ပြီးဖြစ်သည်။

ဆက်တိုက်ဆိုသလို အရှိန်ကောင်းလာသည့် “ဓာတ်ပုံရိုက်ကူးလည်ပတ်ရေး” ရေပန်းစားမှုနှင့် ကြုံတွေ့ရချိန်တွင် လဲ့လျင်မြို့သည် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်၍လည်ပတ်မှုများ၊ NPC များနှင့် ထိတွေ့ဆက်ဆံမှုများ၊ ပျော်ရွှင်ဖွယ် ရေသဘင်ပွဲတော် စသည့် ဖျော်ဖြေရေး လှုပ်ရှားမှုများမှတစ်ဆင့် သုံးစွဲမှုဆိုင်ရာ ဝန်းကျင်သစ်များကို ဖန်တီးပုံဖော်ကာ ရုပ်ရှင်၊ ဗီဒီယိုဆိုင်ရာ “လည်ပတ်သူဦးရေ” ကို မြို့ဖွံ့ဖြိုးတိုးတက်ရေး “ထိန်းသိမ်းမှု ပမာဏ” အဖြစ် ထိရောက်စွာ ပြောင်းလဲနိုင်ခဲ့သည်။ ဆက်စပ် ဖြည့်စွက် အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကွင်းဆက်ကို တိုးချဲ့ခြင်းတို့နှင့်အတူ အဆိုပါ ဆန်းတုန်းပြည်နယ် မြောက်ပိုင်း မြို့ငယ်လေးသည် မြောက်ပိုင်းဒေသတွင် အရှိန်အဝါရှိသော ရုပ်ရှင်၊ ဗီဒီယိုဆိုင်ရာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းအတွက် အထင်ကရနေရာတစ်ခု ဖြစ်လာနေပြီ ဖြစ်သည်။ (Xinhua)

------------------------------------------

(Chinese Version)

活力中国调研行丨山东乐陵:“影视+文旅”激活县域消费新活力

近年来,山东省乐陵市大力实施“文旅兴市”发展战略,以乐陵影视城为核心,深耕“影视+文旅”融合赛道。

目前,乐陵影视城已建成1:1复刻的1900年美国旧金山唐人街主题园区和锦绣唐园两大实景拍摄地,先后完成50余部影视作品拍摄。面对持续高涨的“打卡”热度,乐陵市通过沉浸式剧游、NPC实景互动、泼水狂欢节等演艺活动创新消费场景,将影视“流量”有效转化为城市发展“留量”。随着配套设施的不断完善和文旅产业链的延展,这座鲁北小城正逐渐成为北方地区颇具影响力的影视文旅新地标。

1. 8月25日,游客在乐陵影视城参观游览(无人机照片)新华社发(贾鹏 摄)

2. 8月25日,游客在乐陵影视城内观看表演。新华社发(贾鹏 摄)