ဝါရှင်တန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် အစိုးရသည် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လျက်ရှိစဉ် အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) စစ်ဦးစီးချုပ် Ahmad Vahidi အပါအဝင် အီရန် လက်နက်ကိုင်တပ်ဖွဲ့ အဆင့်မြင့် အရာရှိများ၏ သတင်းအချက်အလက်များပေးနိုင်ပါက အမြင့်ဆုံး အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးငွေ ပေးအပ်မည်ဟု ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ ယခုတစ်ကြိမ် ဆုကြေးငွေ ထုတ်ပြန်ထားသူ စုစုပေါင်း ၅ ဦးရှိပြီး Vahidi အပြင် အီရန် လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် Ali Abdollahi၊ တော်လှန်ရေး အစောင့်တပ်ဖွဲ့ ဒရုန်းစစ်ဌာနချုပ် ဦးစီး Saeed Aghajani တို့ ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် အမေရိကန်၏ နောက်ဆုံး ဆုကြေးထုတ်ပြန်ချက် စာရင်း၌ စုစုပေါင်း ၁၄ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

------------------------------------------

(Chinese Version)

美对伊朗武装力量高级官员发布悬赏

新华社华盛顿8月24日电 在加大对伊朗制裁之际,美国政府24日发布最高1000万美元的悬赏,征集有关伊朗伊斯兰革命卫队总司令艾哈迈德·瓦希迪等伊朗武装力量高级官员的线索。

  根据美国国务院网站发布的消息,美方本次发布的悬赏对象共计5人,除了瓦希迪外,还包括伊朗武装部队总参谋长阿里·阿卜杜拉希、革命卫队无人机司令部司令赛义德·阿加贾尼等。目前美方最新的相关悬赏单上共有14人。