
ရစ်ခါကျယ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ကျီလုန်ခရိုင် ရွှံ့နွံပြိုကျမှု ကယ်ဆယ်ရေးတွင် ကူညီအားဖြည့်ရန် သွားရောက်သည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ဩဂုတ် ၂၇ ရက် နံနက် ၈ နာရီ ၂၆ မိနစ်တွင် ရစ်ခါကျယ်မြို့ရှိ တင့်ရစ်လေဆိပ်သို့ ရောက်ရှိလာပြီး ဘေးဒဏ်သင့်ဒေသသို့ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကားဖြင့် ဆက်လက်ထွက်ခွာသွားကြပြီ ဖြစ်သည်။
ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် နီပေါနိုင်ငံဘက်ခြမ်းမှ ရွှံ့နွံပြိုကျမှုဖြစ်ပွားခဲ့ရာ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ကျီလုန်နယ်စပ်ဂိတ်တွင် လူအများအပြား သေဆုံး ဒဏ်ရာရမှု၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနနှင့် နိုင်ငံတော် မီးသတ်ကယ်ဆယ်ရေးဌာနတို့က တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၁ ဦးကို စေလွှတ်ကာ ထောက်လှမ်းစစ်ဆေးရေး၊ အသက်ကယ်ရေး၊ ဖြိုခွဲရေး၊ ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေး စသည့်ဆိုင်ရာ ပစ္စည်းကိရိယာများ တင်ဆောင်ပြီး ဘေးဒဏ်သင့်ဒေသသို့ သွားရောက်ကူညီရန် စေလွှတ်ခဲ့သည်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ပေကျင်းမြို့ မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့ချုပ်နှင့် စီချွမ်းပြည်နယ် မီးသတ်ကယ်ဆယ်ရေးတပ်ဖွဲ့ချုပ်တို့မှ ကျွမ်းကျင်သော ရှာဖွေကယ်ဆယ်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားပြီး ယခင်က ကြီးမားသော ဘေးအန္တရာယ်နှင့် မတော်တဆမှုများစွာအတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အကြိမ်ကြိမ်ပါဝင်ခဲ့ဖူးကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
中国救援队抵达日喀则增援西藏吉隆泥石流救援
新华社日喀则8月27日电(记者戴锦镕、相文昊)27日8时26分,增援西藏吉隆泥石流救援的中国救援队抵达日喀则定日机场,正驱车前往受灾地区展开救援。
8月26日10时30分许,因尼泊尔一侧发生泥石流灾害,造成西藏日喀则市吉隆县吉隆口岸重大人员伤亡、失联。
应急管理部、国家消防救援局调派中国救援队111名消防救援指战员,携带侦检、救生、破拆、通信、保障等装备物资,赶赴灾害现场增援。中国救援队由北京市消防救援总队、四川省消防救援总队专业搜救力量组成,曾多次参与重特大灾害事故救援工作。(完)
图说:8月27日凌晨,应急管理部、国家消防救援局调派中国救援队111名消防救援指战员,携带侦检、救生、破拆、通信、保障等装备物资,赶赴灾害现场增援。这是中国救援队队员在成都双流机场集结准备赶赴灾害现场。新华社发(应急管理部供图)








