ပေကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ  နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မရှင် အတွင်းရေးမှူး ချန်ဝန်ချင်းသည်  ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ ဗီယက်နမ် ပြည်သူ့တရားရုံးချုပ် တရားသူကြီးချုပ် Nguyen Van Quang နှင့် ဩဂုတ် ၂၅ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် အထွေထွေအတွင်းရေးမှူးချူပ် ရှီကျင့်ဖိန်နှင့် အထွေထွေအတွင်းရေးမှူးချုပ် To Lam တို့သည် နှစ်ပါတီ၊ နှစ်နိုင်ငံ ဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်အတွက် အနာဂတ် လမ်းပြမြေပုံကို ရေးဆွဲချမှတ်ခဲ့ကြောင်း ချန်ဝန်ချင်းက ထောက်ပြပြောကြားခဲ့သည်။ နှစ်ဖက်စလုံးအနေဖြင့် ပါတီနှစ်ရပ်၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ သတ်မှတ်ပေးခဲ့သော မဟာဗျူဟာမြောက် ဦးတည်ချက်အတိုင်း တရားစီရင်ရေး နယ်ပယ်တွင် ပူးပေါင်းဖလှယ်ဆောင်ရွက်မှုများ အားကောင်းစေရန်၊ နယ်စပ်ဖြတ်ကျော်  တရားမမှုနှင့် စီးပွားရေးအငြင်းပွားမှုများကို ဘက်ပေါင်းစုံ ဖြေရှင်းသည့် လမ်းကြောင်းများကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရန်၊ တရားဥပဒေစိုးမိုးရေးလူရည်ချွန် ဖလှယ်ရေးနှင့် လေ့ကျင့်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့် တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြင့် အထောက်အကူပြုရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့်အတူ ဆိုရှယ်လစ်ဝါဒ တရားဥပဒေစိုးမိုးရေးဆိုင်ရာ နိုင်ငံတော် တည်ဆောက်ရေး စသည်တို့နှင့် ပတ်သက်၍ ဖလှယ်မှုနှင့် အပြန်အလှန် သင်ယူလေ့လာမှုများကိုဗဟိုပြု၍ ဗီယက်နမ်-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း ဖော်ဆောင်ရေးကို ပိုမိုထိရောက် နက်ရှိုင်းစွာ အကောင်အထည်ဖော်လုပ်ဆောင်ရေးအတွက် ဆက်လက်တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း Nguyen Van Quang က ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

陈文清会见越南最高人民法院院长阮文广

    新华社北京8月25日电 中共中央政治局委员、中央政法委书记陈文清25日在京会见越共中央书记处书记、越南最高人民法院院长阮文广。

  陈文清指出,习近平总书记和苏林总书记为持续深化两党两国关系擘画了蓝图。希望双方按照两党两国最高领导人确定的战略方向,加强司法领域交流合作,完善跨境民商事纠纷多元化解渠道,深化法治人才交流培训,以高水平司法协作服务双边经贸健康发展。

  阮文广表示,愿同中方围绕社会主义法治国家建设等加强交流互鉴,推动越中命运共同体建设走深走实。