တရုတ်လေယာဉ်တင်သင်္ဘောများဖြစ်သော လျောင်နင်နှင့် ဆန်းတုန်း ရေယာဉ်စုတို့က တောင်တရုတ်ပင်လယ်တွင် ပထမဆုံးအကြိမ်အဖြစ် လေယာဉ်တင်သင်္ဘောနှစ်စင်း၏ စုဖွဲ့လေ့ကျင့်မှုကို ၂၀၂၄ ခုနှစ် ‌အောက်တိုဘာလနှောင်းပိုင်း၌ ပြုလုပ်စဉ် (ဆင်ဟွာ)
တရုတ်လေယာဉ်တင်သင်္ဘောများဖြစ်သော လျောင်နင်နှင့် ဆန်းတုန်း ရေယာဉ်စုတို့က တောင်တရုတ်ပင်လယ်တွင် ပထမဆုံးအကြိမ်အဖြစ် လေယာဉ်တင်သင်္ဘောနှစ်စင်း၏ စုဖွဲ့လေ့ကျင့်မှုကို ၂၀၂၄ ခုနှစ် ‌အောက်တိုဘာလနှောင်းပိုင်း၌ ပြုလုပ်စဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကြီးက ၎င်း၏ ရေတပ် တပ်ဖွဲ့နှင့် လေတပ် တပ်ဖွဲ့များသည် သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ တောင်တရုတ်ပင်လယ်တွင် ပုံမှန်ကင်းလှည့်မှုပြုလုပ်ခဲ့ကြောင်း သြဂုတ် ၂၆ ရက်၌ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် ပြဿနာများဖြစ်ပွားစေရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို နှောင့်ယှက်ရေး ကြိုးပမ်းသည့်အနေဖြင့် ပူးတွဲကင်းလှည့်မှုအမည်ခံ လုပ်ဆောင်ချက်အား လုပ်ဆောင်ရန် ဒေသတွင်းပြင်ပရှိ နိုင်ငံများကို ရွေးချယ်လာခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ကျိုင်စစ်ချန်က ပြောကြားခဲ့သည်။

တောင်ပိုင်းစစ်ဒေသကြီး၏ တပ်ဖွဲ့များအ‌နေဖြင့် တရုတ်နိုင်ငံ၏ နယ်မြေအချုပ်အခြာအာဏာ၊ ပင်လယ်ရေကြောင်းအခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ခိုင်မာစွာ ဆက်လက်ထိန်းသိမ်းသွားမည်ဟု ကျိုင် က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

PLA conducts routine naval-air patrol in South China Sea

BEIJING, Aug. 26 (Xinhua) -- The Southern Theater Command of the Chinese People's Liberation Army (PLA) said on Wednesday that its naval and air units conducted a routine patrol in the South China Sea from Friday to Tuesday.

Zhai Shichen, spokesperson for the theater command, said the Philippines had co-opted countries outside the region to conduct so-called joint patrols in an attempt to stir up troubles in the South China Sea, disrupting peace and stability in the region.

Forces of the theater command will resolutely safeguard China's territorial sovereignty and maritime rights and interests, and firmly uphold regional peace and stability, Zhai said. ■

Photo caption: The formations of Chinese aircraft carriers Liaoning and Shandong carry out a dual aircraft carrier formation exercise for the first time in the South China Sea in late October 2024. (File photo: Xinhua)