တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ချန်ရှင်းခရိုင်ရှိ လုပ်ငန်းကုမ္ပဏီခေါင်မိုးပေါ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ချန်ရှင်းခရိုင်ရှိ လုပ်ငန်းကုမ္ပဏီခေါင်မိုးပေါ်ရှိ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ဟူကျိုး၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

မကြာသေးမီက ဒေသန္တရအစိုးရ၏ ခွင့်ပြုချက်ဖြင့် State Grid Zhejiang Electric Power Co., Ltd. Huzhou Power Supply Company မှ လက်တွေ့ စီမံခန့်ခွဲသည့် ခရိုင်အဆင့် ကာဗွန်ထုတ်လွှတ်မှုထိန်းချုပ်ရေးစင်တာကို တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ ချန်ရှင်းခရိုင်တွင် တရားဝင်စတင်လည်ပတ်ခဲ့သည်။

ချန်ရှင်းခရိုင်၏ သတ်မှတ်အတိုင်းအတာနှင့်အထက်ရှိသော စက်မှုလုပ်ငန်းများ ထုတ်လုပ်မှုတန်ဖိုးသည် ယွမ်ငွေ ၂၃၀ ဘီလီယံအဆင့်ကို ကျော်လွန်သွားပြီဖြစ်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ဖိအားများ တစ်နေ့တခြား ပိုမိုထင်ရှားလာလျက်ရှိသည်။ ကာဗွန်ထုတ်လွှတ်မှုထိန်းချုပ်ရေးစင်တာသည် လျှပ်စစ်ဓာတ်အား၊ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စသည့် သတင်းအချက်အလက်မျိုးစုံကို ပေါင်းစပ်ကာ ဒေသအဆင့်၊ စက်မှုလုပ်ငန်းအဆင့်နှင့် ကုမ္ပဏီလုပ်ငန်းအဆင့်ဟူ၍ အဆင့်သုံးဆင့်ရှိ ကာဗွန်ထုတ်လွှတ်မှုကို အွန်လိုင်းမှ စောင့်ကြည့်တိုင်းတာခြင်းနှင့် တိကျသော ထိန်းချုပ်မှုတို့ကို ဆောင်ရွက်နိုင်သည်။

လက်ရှိတွင် ချန်ရှင်းခရိုင်တစ်ခုလုံးရှိ သတ်မှတ်အတိုင်းအတာနှင့်အထက်ရှိသော စက်မှုလုပ်ငန်း တစ်ထောင်ကျော်သည် ယင်းပလက်ဖောင်းနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။ လုပ်ငန်းကုမ္ပဏီများအား တိကျစွာ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန်နှင့် ခရိုင်အဆင့် အစိမ်းရောင်သော ကာဗွန်လျှော့ချရေး အသွင်ကူးပြောင်းမှုကို မြှင့်တင်ရန် ကူညီပေးလျက်ရှိသည်။ ကာဗွန်ထုတ်လွှတ်မှုထိန်းချုပ်ရေးစင်တာ စတင်လည်ပတ်ပြီးကတည်းက ကာဗွန်ကဏ္ဍ ထိရောက်မှုလုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာအဖွဲ့သည် လုပ်ငန်းကုမ္ပဏီများသို့ ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိပြီး အဓိကစွမ်းအင်သုံးစွဲသည့် လုပ်ငန်းကုမ္ပဏီ ၂၀ ကျော်အား စွမ်းအင်ချွေတာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် တွန်းအားပေးခဲ့ကာ လုပ်ငန်းကုမ္ပဏီများအတွက် ကာဗွန်ထုတ်လွှတ်မှု တန်ချိန် ၄၀,၀၀၀ ခန့် လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

.........................

(Chinese Version)

浙江湖州:县域碳排放管控中心助力企业减排减碳

新华社照片,湖州(浙江),2026年8月25日

近期,由地方政府授权、国网湖州供电公司实体化运营的县域碳排放管控中心在浙江省湖州市长兴县正式运行。

长兴县规上工业产值已跨越2300亿元台阶,经济发展与降碳减排的压力日益凸显,碳排放管控中心融合电力、煤、油、气等多源信息,可实现区域、行业、企业三级碳排放在线监测与精准管控。

目前,长兴全县已有千余家规上工业企业接入平台,为帮助企业精准减排降碳、推动县域绿色低碳转型,据了解,碳排放管控中心启用以来碳效工程师团队常态化入企服务,已推动20多家重点用能企业实施节能改造,为企业减少碳排放约4万吨。

图说1:8月25日,空中俯瞰长兴县的企业屋顶光伏(无人机照片)。 新华社记者 徐昱 摄

图说2:8月25日,在长兴县碳排放管控中心内,工作人员查看企业碳画像和区域碳排热力图。新华社记者 徐昱 摄