
ကျီနန်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
၁၉၈၀ ပြည့်လွန်နှစ်များတွင် Freda ကုမ္ပဏီသည် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျီနန်မြို့ရှိ ၆ စတုရန်းမီတာသာ ကျယ်ဝန်းသော ကားဂိုဒေါင်ဟောင်းတစ်ခုတွင် လုပ်ငန်းစတင်ခဲ့သည်။ ဆယ်စုနှစ် တစ်ခုကျော်ကြာ နည်းပညာဆိုင်ရာ သုတေသနပြုမှုများ ပြုလုပ်ပြီးနောက် အဏုဇီဝပိုးမွှားဖြင့် ကစော်ဖောက်ခြင်း (Microbial Fermentation) နည်းလမ်းဖြင့် Hyaluronic Acid ထုတ်လုပ်ခြင်း နည်းပညာ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး ထုတ်ကုန်များကို သာမန်ပြည်သူများ နေ့စဉ်ဘဝထဲသို့ ရောက်ရှိလာစေခဲ့သည်။
ယခုအခါ Freda ကုမ္ပဏီသည် ကျီနန်မြို့ အဆင့်မြင့်နည်းပညာဇုန်တွင် တရုတ်နိုင်ငံ ပြည်တွင်း အလှကုန်လုပ်ငန်း၏ ပထမဆုံး “ဖောက်ထွင်းမြင်နိုင်သော စက်ရုံ” ကို တည်ဆောက်ခဲ့ပြီး တစ်ချိန်တည်းတွင် အမျိုးသားအဆင့် အစိမ်းရောင်စက်ရုံနှင့် ပြည်နယ်အဆင့်စမတ်စက်ရုံ အသိအမှတ်ပြုလက်မှတ် နှစ်ခုစလုံးကို ရရှိထားသည်။
ဧည့်သည်များ လာရောက်လေ့လာကြည့်ရှုသည့်လမ်းကြောင်းနှင့် သန့်ရှင်းမှုအဆင့် ၁၀၀,၀၀၀ ရှိသော အလုပ်ရုံးခန်းကြားတွင် ဖန်လွှာတစ်ချပ်သာ ခြားထားသည်။ ကုန်ကြမ်းပစ္စည်း စစ်ဆေးခြင်း၊ ပိုးမွှားကင်းစင်စွာ ထုပ်ပိုးခြင်းနှင့် ကုန်ချောထုတ်ကုန်များအား စမ်းသပ်ခြင်း အဆင့်တိုင်းကို လာရောက်လည်ပတ်သူများ မျက်ဝါးထင်ထင် မြင်တွေ့နိုင်သည်။ မျက်နှာပေါင်းတင်သည့် mask များ အလိုအလျောက် ထုတ်လုပ်မှုလိုင်း၏ ထုတ်လုပ်မှုအမြန်နှုန်းသည် ၀.၄ စက္ကန့်လျှင် တစ်ချပ်ထုတ်လုပ်နိုင်ပြီး အဓိကလုပ်ငန်းစဉ်များတွင် အလိုအလျောက်စနစ်ဖြင့် ဆောင်ရွက်နိုင်မှုနှုန်းမှာ ၉၈ ရာခိုင်နှုန်း ရှိသည်။
၂၀၂၅ ခုနှစ်ကုန်အထိ Freda ကုမ္ပဏီသည် စုစုပေါင်း မူပိုင်ခွင့် ၂၀၀ ကျော် ရရှိထားပြီး အမျိုးသားစံနှုန်း ၇ ခု၊ စက်မှုလုပ်ငန်းစံနှုန်း ၁ ခု နှင့် အဖွဲ့အစည်းစံနှုန်း ၃၀ ခုတို့ကို ဦးဆောင်ခြင်း သို့မဟုတ် ပါဝင်ရေးဆွဲခဲ့ကြောင်း သိရသည်။
တစ်ချိန်တည်းတွင် Freda ကုမ္ပဏီသည် လုပ်ငန်းပုံစံသစ်များကို တက်ကြွစွာ စူးစမ်းရှာဖွေလျက်ရှိပြီး အလှကုန်ယဉ်ကျေးမှု၊ သိပ္ပံအသိပညာပေး၊ နည်းပညာအတွေ့အကြုံနှင့် ပညာရပ်ဆိုင်ရာဖလှယ်မှုများ စသည့် လုပ်ဆောင်ချက်များ တစ်နေရာတည်းတွင် ပေါင်းစည်းထားသော ကမ္ဘာ့အလှကုန်နည်းပညာပြတိုက်ကို တည်ဆောက်ကာ စက်မှုခရီးသွားလုပ်ငန်း၏ အရည်အသွေးသစ်နေရာကို ချဲ့ထွင်လျက်ရှိသည်။ (Xinhua)
-----------------------------------------------------------
(Chinese Version)
活力中国调研行|山东济南:探访美妆工厂的“透明密码”
新华社照片,济南,2026年8月25日
二十世纪80年代,福瑞达从山东济南一间六平方米的旧车库起步,历经十余年技术攻关,突破微生物发酵法生产玻尿酸(透明质酸)的技术瓶颈,让产品走进大众日常生活。如今,福瑞达在济南高新区打造了国内化妆品行业首个“透明工厂”,同时获得国家级绿色工厂和省级智能工厂双认证。参观通道与十万级洁净车间只隔一层玻璃,原料检验、无菌灌装、成品检测,每一道工序都呈现在来访者眼前。面膜自动化产线速度达0.4秒一片,关键工序自动化率达98%。截至2025年底,福瑞达累计获授权专利200余项,主导或参与制定国家标准7项、行业标准1项、团体标准30项。
与此同时,福瑞达积极探索新业态,打造集美妆文化、科普教育、科技体验、学术交流等功能于一体的世界美妆科技馆,拓展工业旅游的新质空间。
图说1:8月24日,观众在参观位于山东省济南市历城区福瑞达智美科创园内的世界美妆科技馆。 新华社记者 戴明轩 摄
图说2:8月24日,观众在参观位于山东省济南市历城区的福瑞达透明工厂。新华社记者 戴明轩 摄








