တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၇ စင်း တင်ဆောင်ထားသော Long March-6C သယ်ဆောင်ရေးဒုံးပျံအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် လွှတ်တင်နေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တု ၇ စင်း တင်ဆောင်ထားသော Long March-6C သယ်ဆောင်ရေးဒုံးပျံအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် လွှတ်တင်နေစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဩဂုတ် ၂၅ ရက်တွင် Long March-6C သယ်ဆောင်ရေးဒုံးပျံအား လွှတ်တင်ခဲ့ရာ ဂြိုဟ်တု ၇ စင်းအား အာကာသအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါဒုံးပျံကို ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၂၁ မိနစ်တွင် တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ခဲ့သည်။

ယခုအကြိမ် လွှတ်တင်မှုမစ်ရှင်သည် Long March စီးရီး ပို့ဆောင်ရေးဒုံးပျံ၏ ၆၆၅ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်ကြောင်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ သိရသည်။  (Xinhua)

-----------------------------------------------------------

(English Version)

China launches 7 new satellites

TAIYUAN, Aug. 25 (Xinhua) -- China on Tuesday launched a Long March-6C carrier rocket, placing seven satellites into space.

The rocket blasted off at 11:21 a.m. (Beijing Time) from the Taiyuan Satellite Launch Center in north China's Shanxi Province and successfully sent the satellites into the planned orbit.

This launch marked the 665th flight mission of the Long March carrier rocket series, according to the launch center.  Enditem

English Caption :

A Long March-6C carrier rocket, carrying seven satellites, blasts off from the Taiyuan Satellite Launch Center in north China's Shanxi Province, Aug. 25, 2026. (Photo by Wang Yapeng/Xinhua)