တရုတ်-ဘီလာရုစ် “Swift Eagle 2026” လေထီးတပ် ပူးတွဲလေ့ကျင့်မှုအတွင်း ဘီလာရုစ်ဘက်မှ လေ့ကျင့်မှု၌ ပါဝင်သော တပ်ဖွဲ့ဝင်များက နည်းဗျူဟာလှုပ်ရှားမှုအတွင်း ကျည်အစစ်သုံး ပစ်ခတ်လေ့ကျင့်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-ဘီလာရုစ် “Swift Eagle 2026” လေထီးတပ် ပူးတွဲလေ့ကျင့်မှုအတွင်း ဘီလာရုစ်ဘက်မှ လေ့ကျင့်မှု၌ ပါဝင်သော တပ်ဖွဲ့ဝင်များက နည်းဗျူဟာလှုပ်ရှားမှုအတွင်း ကျည်အစစ်သုံး ပစ်ခတ်လေ့ကျင့်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်-ဘီလာရုစ် “Swift Eagle 2026” လေထီးတပ် ပူးတွဲလေ့ကျင့်မှု ပြီးမြောက်ခြင်းအခမ်းအနားကို ဩဂုတ် ၂၄ ရက်က တရုတ်နိုင်ငံ လေတပ်လေ့ကျင့်ရေးစင်တာတစ်ခုတွင် ကျင်းပပြုခဲ့သည်။

အဆိုပါ ပူးတွဲလေ့ကျင့်မှုကို ဩဂုတ် ၁၂ ရက်မှစ၍ အခြေခံကြံ့ခိုင်မှု လေ့ကျင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှု အထူးလေ့ကျင့်ရေး၊ ဘက်စုံစစ်ရေးလေ့ကျင့်ခန်း ဟူသော အဆင့် ၃ ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။ တရုတ်-ဘီလာရုစ် နှစ်ဖက်စလုံးက ရောနှောတပ်ဖွဲ့စည်းသည့်ပုံစံကို ကျင့်သုံးခဲ့ပြီး မြို့ပြ ပူးတွဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး လှုပ်ရှားမှု ဟူသော ခေါင်းစဉ်ဖြင့် လက်တွေ့စစ်မြေပြင်ပတ်ဝန်းကျင်နှင့် ကိုက်ညီစွာဖြင့် ကင်းထောက်ခြင်းနှင့် တန်ပြန်ကင်းထောက်ခြင်း၊ သိမ်းပိုက်ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခုခံခြင်း၊ ရှင်းလင်းချေမှုန်းခြင်းနှင့် အခိုင်အမာခုခံခြင်း စသည့် သင်ခန်းစာ လေ့ကျင့်ခန်းများကို အတူတကွ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြရာ တပ်ဖွဲ့နှစ်ခု၏ ပူးပေါင်းကွပ်ကဲမှုနှင့် ပူးတွဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး စွမ်းရည်များကို ထိရောက်စွာ စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။    

ပူးတွဲလေ့ကျင့်မှုကာလအတွင်း တရုတ်-ဘီလာရုစ် နှစ်ဖက်စလုံးသည် ကဏ္ဍအလိုက် အထူးဆွေးနွေးပွဲများ၊ အားကစားပြိုင်ပွဲများ၊ ယဉ်ကျေးမှုဖလှယ်ရေး စသည့် လှုပ်ရှားမှုများကိုပါ ကျင်းပပြုလုပ်ခဲ့ကြပြီး တပ်ဖွဲ့လေ့ကျင့်ရေးဆိုင်ရာ အတွေးအခေါ်များနှင့် စစ်ရေးလေ့ကျင့်သည့် နည်းလမ်းများကို အပြန်အလှန်လေ့လာခဲ့ကြရာ အရာရှိစစ်သည်တော်များအကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ခဲ့သလို ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို စုစည်းတည်ဆောက်နိုင်ခဲ့ကြသည်။

ယင်းမှာ တရုတ်နိုင်ငံနှင့် ဘီလာရုစ်နိုင်ငံတို့အကြား စတုတ္ထအကြိမ်မြောက် “Swift Eagle”  စီးရီး ပူးတွဲလေ့ကျင့်မှု ဖြစ်ကြောင်း သိရသည်။  “Swift Eagle”  စီးရီး ပူးတွဲလေ့ကျင့်မှုသည် တရုတ်နိုင်ငံနှင့် ဘီလာရုစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးတွဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အရေးပါသောစင်မြင့်တစ်ခု ဖြစ်လာခဲ့ပြီး တပ်မတော်နှစ်ရပ် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အတူတကွ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အရေးပါသော အဓိပ္ပာယ်ရှိပေသည်။   (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

中白“神鹰-2026”空降兵联合训练圆满结束

新华社武汉8月24日电(高玉娇、李冬冬)中国与白俄罗斯“神鹰-2026”空降兵联合训练24日在中国空军某训练中心举行结束仪式。   

自8月12日开始以来,联训按照基础强训、协同精训、综合演练3个阶段组织实施,中白双方采取混合编组模式,以联合城镇反恐行动为课题,紧贴实战场景共同完成侦察与反侦察、夺控与防卫、清剿与固守等课目演练,有效检验了两军协同指挥和联合反恐作战能力。   

联训期间,中白双方还开展了专题研讨、体育比赛、文化交流等活动,相互借鉴组训理念和练兵方法,增进官兵情谊,凝聚协作共识。   

据悉,这是中国和白俄罗斯第4次举行“神鹰”系列联训。“神鹰”系列联训已成为中白两军联合反恐的重要平台,对深化两军务实合作、共同维护地区和平稳定具有重要意义。(完)

1. 在中白“神鹰-2026”空降兵联合训练中,白方参训队员进行战术运动实弹射击(8月12日摄)。新华社发(靳吉坤摄)

2. 中白“神鹰-2026”空降兵联合训练圆满结束,部分参训队员领取荣誉证书(8月24日摄)。新华社发(邢康凯摄)