အောင်လံ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ရိတ်သိမ်းလျက်ရှိသည့် နှမ်းများသည် မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိသောကြောင့် လက်ရှိတွင် နှမ်းခါရန် အခက်အခဲကြုံနေကြရကြောင်း နှမ်းစိုက်တောင်သူတွေထံမှ သိရပါသည်။

နှမ်းစျေးကွက်ကလည်း ယခင်နှစ်တွေထက် စျေးကျနေပြီး ရာသီဥတုကြောင့် နှမ်းအထွက်နှုန်း လျော့ကျနိုင်ကြောင်း တောင်သူတွေက ဆိုသည်။

မိုးအဆက်မပြတ် ရွာသွန်းပါက နှမ်းရိတ်သိမ်းလျက်ရှိသည့် တောင်သူများအနေဖြင့် နှမ်းရိတ်၊နှမ်းထောင်၊ နှမ်းခါသည့်အခါ အခက်အခဲကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။

အောင်လံမြို့နယ်အတွင်း နှမ်းစိုက်တောင်သူများဟာ နှစ်စဉ် နှမ်းနက် (စမုံနက်) ကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာ ယာခင်းများအတွင်း နှမ်းများခါရန် စည်းထောင်ထားသည့် နှမ်းထောင်မြင်ကွင်းများကို သြဂုတ် ၂၄ ရက် နံနက်ပိုင်းက ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။  (Xinhua)

#နှမ်းထောင် #အောင်လံ #မိုးအဆက်မပြတ်ရွာသွန်း