
ဝူဟန့်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
ဩဂုတ် ၂၃ ရက်သည် အပူရှိန်ကုန်ဆုံးစ ရာသီချိန်ဖြစ်ပြီး တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ တုန်းဟူရေကန်တွင် စိမ်းပြာရောင်ရေလှိုင်းများ ညင်သာစွာ ကွန့်မြူးလျက်ရှိကာ ကြာပန်းရနံ့များ ဆက်လက်သင်းပျံ့လျက်ရှိသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းကီလိုမီတာ ၈၀ ကျော်ရှိသော အမျိုးသားအဆင့် ဂေဟစနစ်ခရီးသွားလာရေးစံပြဇုန်တစ်ခုဖြစ်သည့် တုန်းဟူရေကန်၏ ရေပြင်အကျယ်အဝန်းသည် ၃၃ စတုရန်းကီလိုမီတာ အထိရှိပြီး ကီလိုမီတာတစ်ရာကျော်ရှည်လျားသော စိမ်းလန်းသည့်လမ်းများသည် မြစိမ်းရောင်ဖဲကြိုးများသဖွယ် ထျင်းထောင်း၊ မော်ဆန်း၊ လော့ယ့န် စသည့် နေရာများကို ဆက်စပ်ပေးထားကာ ကန်ရေပြင်ရှုခင်း၏အလှကို အစွမ်းကုန်ပြသလျက်ရှိသည်။
နွေရာသီအားလပ်ရက်ကာလကတည်းက တုန်းဟူရေကန်သို့ ခရီးသွားဧည့်သည်များ အဆက်မပြတ် လာရောက်လည်ပတ်မှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ရေပြင်တစ်ခွင် ပွင့်ဖူးနေသော ကြာပန်းများ၏ ရှင်းသန့်ချိုမြိန်သောရနံ့သည် မြို့ခံပြည်သူများနှင့် ခရီးသွားဧည့်သည်များစွာကို ကန်ဘောင်တွင် အပန်းဖြေလမ်းလျှောက်ကာ ရှုခင်းကြည့်ရှုရန်၊ ညနေခင်းလေပြေတွင် ကြာပန်း၏အလှကို ခံစားရန် ဆွဲဆောင်လျက်ရှိသည်။ (Xinhua)
...................................
(Chinese Version)
美丽中国丨碧水长天开画卷 荷风十里入东湖
新华社照片,武汉,2026年8月23日
8月23日是处暑节气,武汉东湖碧波荡漾,荷香依旧。作为面积超80平方公里的国家级生态旅游示范区,东湖水域面积达33平方公里,上百公里绿道如同翠色绸带,串联起听涛、磨山、落雁等片区,尽显秀美湖光。
暑期以来,东湖持续迎来客流高峰,连片盛放的荷花与清甜荷香吸引不少市民游客来到湖畔散步观景,在晚风里邂逅荷韵。
图说:8月23日在武汉东湖拍摄的荷花。 新华社记者 沈虹冰 摄








