တရုတ်နိုင်ငံ တာ့လီ မြို့ဟောင်း လမ်းကြားများအတိုင်း လမ်းလျှောက်ထွက်ကြရင်း မြို့ဟောင်း၏ ညချမ်းအလှကို ခံစားနေကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တာ့လီ မြို့ဟောင်း လမ်းကြားများအတိုင်း လမ်းလျှောက်ထွက်ကြရင်း မြို့ဟောင်း၏ ညချမ်းအလှကို ခံစားနေကြသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာ့လီ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

နွေရာသီ ကျောင်းပိတ်ရက် စတင်ချိန်မှစ၍ ယူနန်ပြည်နယ် တာ့လီမြို့ရှိ တာ့လီမြို့ဟောင်းသည် ခရီးသွားရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ နေ့လယ်ပိုင်းတွင် ခရီးသွားဧည့်သည်များသည် မြို့ဟောင်း လမ်းကြားများအတိုင်း သွားလာကြရင်း သမိုင်းဝင် အဆောက်အအုံများနှင့် တိုင်းရင်းသား ယဉ်ကျေးမှုများကို ခံစားကြည့်ရှုကြကာ မှောင်ရီပျိုးစအချိန်အခါ မီးရောင်များ လင်းထိန်လာချိန်တွင်မူ မြို့ဟောင်းအတွင်း လမ်းလျှောက်ထွက်ကြရင်း မြို့ဟောင်း၏ ညချမ်းလည်ပတ်မှု အတွေ့အကြုံကို ခံစားကြသည်။

တာ့လီ မြို့ဟောင်း ထိန်းသိမ်း စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ စာရင်းဇယားများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တာ့လီ မြို့ဟောင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် အကြိမ်ရေ စုစုပေါင်း သန်း ၂၂ သန်းကျော် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ ပထမအကြိမ်အသုတ် သတ်မှတ်ခဲ့သော သမိုင်းဝင် ယဉ်ကျေးမှု မြို့ဟောင်း ၂၄ မြို့အနက် တစ်ခုဖြစ်သည့် တာ့လီ မြို့ဟောင်း၏ မူလအစမှာ ယန်ကျူးမျဲယန် မြို့ဖြစ်ပြီး ထန်မင်းဆက် တာ့လိ ခေတ်ကာလမှ ယွမ်မင်းဆက် ကျစ်ယွမ် ခေတ်ကာလအထိ ၎င်းသည် ယူနန်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဗဟိုချက် ဖြစ်ခဲ့ရာမှ လက်ရှိ " မြို့လမ်းမကြီး ၉ သွယ်နှင့် လမ်းကြား ၁၈ သွယ် " ဟူသော လမ်းကွန်ရက် ပုံစံသို့ အဆင့်ဆင့်ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လက်တလောနှစ်များအတွင်း တာ့လီမြို့သည် မြို့ဟောင်း ကာကွယ်ထိန်းသိမ်းရေးကို အားဖြည့်ဆောင်ရွက်သည့် အခြေခံပေါ်တွင် သမိုင်းဝင် ယဉ်ကျေးမှု အရင်းအမြစ်များ ဆက်လက် အသက်သွင်း အသုံးပြုရေးကို တွန်းအားပေးကာ ခရီးသွား ဝန်ဆောင်မှု အဆောက်အအုံများကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ပြီး ခရီးစဉ် အတွေ့အကြုံများကို မြှင့်တင်ပေးလျက်ရှိရာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ မြို့ဟောင်းအား သက်ဝင်လှုပ်ရှားမှုသစ်များ ပြန်လည် ဆန်းသစ်လာစေခဲ့သည်။ (Xinhua)

-------------------

(Chinese Version)

大理古城游人如潮

暑期以来,云南省大理市大理古城迎来旅游旺季。白天,游客穿行于古城街巷,感受历史建筑和民族文化;夜幕降临,华灯亮起,游客漫步其中,体验古城夜游。

  据大理市古城保护管理局统计,2026年1月至7月,大理古城累计接待游客超2200万人次。作为国家首批24个历史文化名城之一,大理古城的前身为羊苴咩城,从唐代大历至元代至元年间,这里一直是云南省的政治、经济和文化中心,逐步形成如今“九街十八巷”的街巷格局。

  近年来,大理市在加强古城保护的基础上,持续推进历史文化资源活化利用,完善旅游服务设施,提升游览体验,让千年古城焕发新生机。

1. 游客漫步大理古城街巷,感受古城夜色(8月22日摄)新华社记者 胡超 摄

2. 游客在大理古城参观游览(8月22日摄)新华社记者 胡超 摄