
ဟိုင်ခို၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း ကျွန်းတစ်ခွင် အထူးအကောက်ခွန်လုပ်ငန်းဆောင်ရွက်မှု လုပ်ဆောင်လာသည်နှင့်အမျှ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်သည် စားသောက်ကုန် ဘေးကင်းလုံခြုံမှုကွင်းဆက် ကြီးကြပ်မှုစနစ်အား စဉ်ဆက်မပြတ် ကောင်းမွန်ပြည့်စုံလာစေရန် ဆောင်ရွက်ခြင်းဖြင့် စားသောက်ကုန်လုပ်ငန်းများ နိုင်ငံတကာဈေးကွက် တိုးချဲ့ရန်အတွက် ပံ့ပိုးမှုပေးလိုက်သည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ဟိုင်နန်လုပ်ငန်းကုမ္ပဏီများက တင်ပို့သော စားသောက်ကုန် စုစုပေါင်းပမာဏသည် ယွမ် ၃.၁၈၉ ဘီလီယံအထိရှိပြီး ယမန်နှစ်ကာလတူထက် ၄၁.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဟိုင်နန်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးလက်၊ အကောက်ခွန်လုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ဈေးကွက်ကြီးကြပ်မှု၊ ပညာရေး၊ ပို့ဆောင်ရေး စီမံခန့်ခွဲမှု စသည့်ဌာနများ ညှိနှိုင်းကြီးကြပ်မှုများကို မြှင့်တင်ခဲ့ပြီး စားသုံးနိုင်သော စိုက်ပျိုးရေးထုတ်ကုန်၊ စားသောက်ကုန် ထုတ်လုပ်မှု၊ သိုလှောင်ပို့ဆောင်မှု၊ နယ်စပ်ဖြတ်ကျော် တင်ပို့မှု စသည့်အဆင့်များတွင် ဆုံးရှုံးနိုင်ခြေအန္တရာယ်အား ကာကွယ်ထိန်းချုပ်မှုကို မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ဟိုင်နန်ပြည်နယ် ဈေးကွက်ကြီးကြပ်မှုဌာန ဒုတိယအကြီးအကဲ လီယွင့်သာက ဩဂုတ် ၂၁ ရက်တွင် ကျင်းပသော သက်ဆိုင်ရာရှင်းလင်းပွဲ၌ မိတ်ဆက်ပြောကြားခဲ့သည်။
ဒစ်ဂျစ်တယ်လုပ်ငန်းအသွင်နည်းလမ်းများကို စားသောက်ကုန် ဘေးကင်းလုံခြုံမှု ကြီးကြပ်ရေး၌ လက်တွေ့အသုံးချရန် အရှိန်မြှင့်ဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိအချိန်အထိ ဟိုင်နန်ပြည်နယ်တစ်ခုလုံး၌ အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး လည်ပတ်လုပ်ကိုင်လျက်ရှိသည့် စားသောက်ကုန် ထုတ်လုပ်မှု အစုအဖွဲ့ကုမ္ပဏီများတွင် “အင်တာနက် + AI ကြီးကြပ်မှု” ဖော်ဆောင်နိုင်သည့် ကုမ္ပဏီ ၂၂,၉၈၄ ခု ရှိကြောင်း၊ ပြည်နယ်တစ်ခုလုံး အခြေခံပညာကျောင်းများ၏ မုန့်ဈေးတန်းများတွင် “အင်တာနက် + ပွင့်လင်းမြင်သာသော ပုံစံဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်း” အား လုပ်ဆောင်နိုင်သည့် လွှမ်းခြုံမှုနှုန်းမှာ ၁၀၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဟိုင်နန်ပြည်နယ် ဈေးကွက်ကြီးကြပ်မှုဌာန၏ မိတ်ဆက်ပြောကြားချက်အရ သက်ဆိုင်ရာဌာနများသည် အဓိကယန္တရားစနစ် ၃၆ ရပ်အား တည်ထောင် အကောင်အထည်ဖော်ပြီးဖြစ်ကာ စားသောက်ကုန် ဘေးကင်းလုံခြုံမှု အချက်အလက်များ အတူမျှဝေခြင်း၊ ဆုံးရှုံးနိုင်ခြေအန္တရာယ်များအား ဆွေးနွေးခြင်းနှင့် ညှိနှိုင်းပူးပေါင်း စီမံခြင်းတို့ကို မြှင့်တင်၍ ကြီးကြပ်မှုလုပ်ငန်းကို တစ်ဆင့်တည်းမှ ကွင်းဆက်တစ်ခုလုံးအထိ တိုးချဲ့ဆောင်ရွက်ခြင်းကို တွန်းအားပေး ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
အများပြည်သူ၏ “လျှာဖျားထက်က ဘေးကင်းလုံခြုံမှု” ကို အာမခံပေးသည်မှ စားသောက်ကုန်လုပ်ငန်းများ နိုင်ငံတကာဈေးကွက် တိုးချဲ့မှုအတွက် ဝန်ဆောင်မှုပေးသည်အထိ ဟိုင်နန်ပြည်နယ်သည် စားသောက်ကုန် ဘေးကင်းလုံခြုံမှု စီမံခန့်ခွဲခြင်းစွမ်းဆောင်ရည်အား စဉ်ဆက်မပြတ်မြှင့်တင်၍ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း အဆင့်မြင့် တံခါးဖွင့်လှစ်မှုအတွက် အာမခံချက်များ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
海南食品出口上半年增长超四成
新华社海口8月23日电(记者刘博)随着海南自由贸易港全岛封关运作深入推进,海南持续完善食品安全全链条监管体系,为食品产业拓展国际市场提供支撑。今年上半年,海南企业出口食品总额达31.89亿元,同比增长41.2%。
21日海南省市场监管局副局长黎运达在相关发布会上介绍,海南强化农业农村、海关、商务、市场监管、教育、邮政管理等部门协同监管,围绕食用农产品、食品生产、贮存运输、跨境进口等环节加强风险防控。
数字化手段加快应用于食品安全监管。截至目前,海南全省获证且在产在营食品生产经营主体实现“互联网+AI监管”22984家。全省中小学校食堂“互联网+明厨亮灶”覆盖率达100%。
海南省市场监管部门介绍,相关部门已建立和落实36项重点机制制度,加强食品安全信息共享、风险会商和协同处置,推动监管由单环节向全链条延伸。
从保障群众“舌尖上的安全”,到服务食品产业拓展国际市场,海南持续提升食品安全治理能力,为食品产业高质量发展和自贸港高水平开放提供保障。(完)
图说:6月17日在海口拍摄的海口港集装箱码头(无人机照片)。新华社记者 蒲晓旭 摄








