ရန်ကုန်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငါးကန် ၃၅.၈၆ ဧကခန့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက သြဂုတ် ၂၃ ရက် ထုတ်ပြန်သော သတင်းများအရ သိရသည်။

အဆိုပါ ဒေသအတွင်း ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ရေပြန်ကျသွားလျှင် ငါးသားပေါက်များကို ဖြန့်ဝေပေးမည်ဖြစ်ပြီး ရေဘေးသင့်ခဲ့သည့် ငါးကန်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အစိုးရပိုင် ငါးသားပေါက်စခန်း ၄ ခုရှိပြီး ရေကြီးရေလျှံမှုကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ငါးမွေးမြူရေး တောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ငါးမွေးမြူရေးလိုင်စင် ပျက်စီးဆုံးရှုံးသွားသည့် တောင်သူများကိုလည်း လိုင်စင်များ ပြန်လည်ထုတ်ပေးရန် ဦးစီးဌာနက စီစဉ်ထားကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ငါးမွေးမြူရေးကန် ဧက ၂၂၀,၀၀၀ ကျော်ရှိသည်။ ငါးမွေးမြူရေးတောင်သူများသည် ငါးမြစ်ချင်းငါးကို အဓိက မွေးမြူကြပြီး ထိုငါးများကို ရန်ကုန်တိုင်းဒေသကြီးရှိ ဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ (Xinhua)