
ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်းရှိ စာသင်ခန်းများသည် ဉာဏ်ရည်တု (AI) ၏ အသွင်ပြောင်းလဲနိုင်စွမ်းနှင့် အနှောင့်အယှက်ဖြစ်စေနိုင်စွမ်းတို့ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရစဉ် စက်များက လူသားများထက် ပိုမိုစဉ်းစားတွေးခေါ်လာနိုင်သည့်အခါ ကျောင်းပညာရေးမှာ အဘယ်အတွက်နည်းဟူသော ပညာရေး၏ အနာဂတ်နှင့်ပတ်သက်၍ အခြေခံကျသည့် မေးခွန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
မကြာသေးမီက အဆိုပါမေးခွန်းသည် ပေကျင်း၌ အဓိကအာရုံစိုက်စရာ အကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် ရှေ့တန်းမှ ပါဝင်လုပ်ကိုင်နေသော ဆရာ၊ ဆရာမများ စုဝေးကာ ဉာဏ်ရည်ခေတ်အတွက် သင်ကြားရေးပုံစံသစ်များကို ရေးဆွဲခဲ့ကြသည်။ နယ်စပ်ဖြတ်ကျော် ကူးလူးဖလှယ်မှုများ သက်ဝင်လှုပ်ရှားနေခိုက် ပကတိအခြေအနေတစ်ခုမှာ ပေါ်လွင်ထင်ရှားနေသည်။ ယင်းမှာ AI နည်းပညာပေါင်းစပ်ထားသော နည်းလမ်းအမျိုးမျိုးမှသည် AI သင်ကြားရေး လက်ထောက်များအထိ ဉာဏ်ရည်တုနည်းပညာဖြင့် ပံ့ပိုးပေးသော ပညာရေးကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့စမ်းသပ်မှုများက တရုတ်နိုင်ငံအား တန်းတူရည်တူ နိုင်ငံအများစုထက် ရှေ့တန်းရောက်စေသည်ဟူသော အချက်ပင်ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ဉာဏ်ရည်တုနည်းပညာနှင့် ပညာရေးကဏ္ဍ ပေါင်းစပ်မှုကို နိုင်ငံအဆင့်ဦးစားပေး ကိစ္စရပ်အဖြစ် သတ်မှတ်ထားသည်ဟု ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စမတ်ပညာရေးညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ ဒုတိယပညာရေးဝန်ကြီးနှင့် ယူနက်စကိုဆိုင်ရာ တရုတ်နိုင်ငံအမျိုးသားကော်မရှင် ဥက္ကဋ္ဌ ရန့်ရိုချွင်က ထည့်သွင်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် သင်ကြားရေးဆိုင်ရာ အခြေခံသဘောတရားများ၊ လုပ်ငန်းစဉ်များနှင့် အနာဂတ်ဖြစ်နိုင်ခြေအားလုံးတွင် ဉာဏ်ရည်တုနည်းပညာများ ပေါင်းစပ်ထည့်သွင်းသည့် ဒစ်ဂျစ်တယ်ပညာရေး မဟာဗျူဟာကို ဆက်လက် တွန်းအားပေးဖော်ဆောင်လျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260821/9872cb14872a4e60b87eef38eb41ea35/c.html
..........................................................................
(English Version)
China Focus: China pioneers AI-driven education as world seeks new schooling models
BEIJING, Aug. 21 (Xinhua) -- As classrooms worldwide grapple with the transformative yet disruptive power of artificial intelligence (AI), a fundamental question hangs over the future of education: what is schooling for when machines can outthink humans?
This question has recently taken center stage in Beijing, where global academics, policymakers and frontline educators gathered to map out new models for teaching in the intelligent era. Amid the lively cross-border exchanges, one reality is clear: China's large-scale experiments with AI-driven education -- from AI plus various disciplines to AI teaching assistants -- have already put it miles ahead of most peers.
At the opening ceremony of the Global Smart Education Conference 2026, Ren Youqun, China's vice minister of education and president of the Chinese National Commission for UNESCO, said that China has made the integration of AI and education a national priority. The country is pushing forward a digital education strategy that embeds intelligent technologies across all teaching elements, processes and scenarios.
https://english.news.cn/20260821/9872cb14872a4e60b87eef38eb41ea35/c.html
English Caption
Visitors learn about a robot dog at a digital economy experience fair in the Longfusi commercial area in Dongcheng District, Beijing, capital of China, July 2, 2026. (Xinhua/Ju Huanzong)








