
ဂျကာတာ၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၊ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့နှင့် ဩဂုတ် ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပရာဘိုဝို ဆူဘီယန်တိုက သမ္မတ ရှီကျင့်ဖိန်ထံ ပို့သသော ဆုမွန်ကောင်းတောင်းစကားအား ဝမ်ရိမှတစ်ဆင့် ပြောကြားခဲ့သလို အင်ဒိုနီးရှား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးမှု ယန္တရားနှင့် “၂+၂” တွေ့ဆုံဆွေးနွေးမှုယန္တရား၏ အခန်းကဏ္ဍကို အပြုသဘောသုံးသပ်ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် မှန်းဆ၍မရသော ကြီးမြတ်သည့် အောင်မြင်မှုများ ရရှိပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် စံနမူနာပြုခဲ့သလို အကျိုးဖြစ်ထွန်းစေသည့်လမ်းစများ ပံ့ပိုးပေးခဲ့ရာ ဘက်အသီးသီး သင်ယူလေ့လာထိုက်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံထောင့်စေ့ အားဖြည့်သွားရန် မျှော်လင့်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသို့ တရုတ်ကုမ္ပဏီများ ပိုမို လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ကြိုဆိုကြောင်း၊ တရုတ်ကုမ္ပဏီလုပ်ငန်းများအတွက် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်မှုနှင့် မဟုတ်မမှန်ဖြန့်ဝေမှုမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက ပရာဘိုဝို ဆူဘီယန်တိုထံ သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားခဲ့ရာ အဆွေတော်သမ္မတ၏ ဦးဆောင်မှုအောက်တွင် အင်ဒိုနီးရှားနိုင်ငံသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ ရောက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ယုံကြည်အားကိုးထိုက်သော ရေရှည်၊ တည်ငြိမ်သည့် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံက အရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်မှု တွန်းကန်အားအဖြစ် ပြောင်းလဲကာ ပြည်သူများအတွက် အကျိုးစီးပွား ပိုမိုဆောင်ကြဉ်းပေးရာတွင် ကူညီအားဖြည့်ရန် တရုတ်နိုင်ငံတွင် စွမ်းရည်ရှိသလို သဘောဆန္ဒလည်း ရှိကြောင်း၊ ကမ္ဘာကြီး မတည်မငြိမ်ဖြစ်လေ၊ ပြင်ပ စိန်ခေါ်မှုများ ပို၍ ဆိုးရွားလေ၊ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံသည် စည်းလုံးညီညွတ်မှုကို အားဖြည့်ရန်၊ ဘုံအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းရန်၊ ကိုယ်စီနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် လုပ်ဆောင်ရမည်လေ ဖြစ်ပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက် ပူးပေါင်းဆောင်ရွက်မှု စံနမူနာကို ထူထောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်များနှင့်တကွ ဘက်စုံမဟာဗျူဟာမြောက်တွေ့ဆုံဆွေးနွေးပွဲယန္တရား ပထမအကြိမ် အစည်းအဝေး၊ “၂+၂” တွေ့ဆုံဆွေးနွေးမှုယန္တရား ဒုတိယအကြိမ်အစည်းအဝေးရလဒ်များကို ကောင်းမွန်စွာ ဖော်ဆောင်သွားလိုကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ စွမ်းအင်နှင့်သတ္တု၊ စစ်ရေး၊ လုံခြုံရေး စသည့်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံတွန်းအားပေး ဆောင်ရွက်သွားပြီး နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်အားမာန်ပြည့်ရေးအတွက် တွန်းအားသစ်များပံ့ပိုးပေးကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောအကျိုးကို သယ်ပိုးသွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
印度尼西亚总统普拉博沃会见王毅一行
新华社雅加达8月22日电(记者张怡晟)印度尼西亚总统普拉博沃21日在雅加达官邸会见外交部长王毅、国防部长董军。
普拉博沃请王毅转达对习近平主席的良好祝愿,积极评价印尼中国全面战略对话机制和“2+2”对话机制作用和成果,表示在习近平主席领导下,中国取得不可思议的伟大成就,为全球南方国家树立了榜样,提供了很多有益启示,值得各方学习借鉴。印尼期待同中方加强全方位战略合作,欢迎更多中国企业来印尼投资兴业,将继续为中国企业提供良好营商环境,反对任何别有用心的挑拨和炒作。
王毅转达习近平主席对普拉博沃的亲切问候,表示在总统领导下,印尼进入快速发展阶段。中国是印尼国家发展进程中值得信赖的长期、稳定合作伙伴。中方有能力、有意愿助力印尼将资源转化为发展动能,为人民带来更多福祉。世界越是动荡不安,外部挑战越是复杂严峻,中国和印尼越要加强团结,更好维护共同利益,实现各自国家发展,并为全球南方国家树立合作典范。
中方愿同印尼认真落实两国元首重要共识以及全面战略对话机制首次会议和“2+2”对话机制第二次会议成果,全面推进政治、经济、能矿、军事、安全等领域合作,不断为各自国家发展振兴提供新的动力,并为地区和平与稳定作出积极贡献。(完)
1. 8月21日,印度尼西亚总统普拉博沃在雅加达官邸会见外交部长王毅、国防部长董军。新华社记者 岑云鹏 摄








