ချိန်တူး-ချုံချင့် အလယ်ပိုင်း အမြန်ရထားလမ်း ကျန်ကျိုးမှ လဲ့ကျစ်အပိုင်း၌ ဆောက်လုပ်ရေးလုပ်သားများက လျှပ်စစ်ဆက်သွယ်ရေးဝါယာကြိုး တပ်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ချိန်တူး-ချုံချင့် အလယ်ပိုင်း အမြန်ရထားလမ်း ကျန်ကျိုးမှ လဲ့ကျစ်အပိုင်း၌ ဆောက်လုပ်ရေးလုပ်သားများက လျှပ်စစ်ဆက်သွယ်ရေးဝါယာကြိုး တပ်ဆင်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ချိန်တူး-ချုံချင့် အလယ်ပိုင်း အမြန်ရထားလမ်း လိုင်းတစ်လျှောက်လုံး၏ ပထမဆုံး လျှပ်စစ်ဆက်သွယ်ရေးဝါယာကြိုးကို ဩဂုတ် ၂၁ ရက်၌ အောင်မြင်စွာ သွယ်တန်းနိုင်ခဲ့ခြင်းနှင့်အတူ ချိန်တူး-ချုံချင့် အလယ်ပိုင်း အမြန်ရထားလမ်း၏ လျှပ်စစ်နှင့် ဆက်သွယ်ရေး စနစ် ၄ မျိုး တည်ဆောက်တပ်ဆင်ရေး လုပ်ငန်းစဉ်သည် အဓိက အရေးပါသော အဆင့်သို့ တရားဝင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လက်ရှိတွင် လိုင်းတစ်လျှောက်ရှိ ဥမင်လိုဏ်ခေါင်းများ၊ တံတားများနှင့် လမ်းအောက်ခံ မြေသား ဆောက်လုပ်ရေးလုပ်ငန်းများ အခြေခံအားဖြင့် ပြီးစီးခဲ့ပြီဖြစ်ပြီး ရထားဘူတာရုံ အဆောက်အအုံသစ်များ၏ အဓိက ကိုယ်ထည် တည်ဆောက်ရေး လုပ်ငန်းများလည်း ပြီးစီးခဲ့ပြီဖြစ်ရာ ၂၀၂၆ ခုနှစ် မကုန်မီ ရထားလမ်းနှင့် စနစ်များ ပေါင်းစပ်စမ်းသပ် စစ်ဆေးခြင်းအဆင့်သို့ ရောက်ရှိရန် မျှော်မှန်းထားသည်။

ချိန်တူး-ချုံချင့် အလယ်ပိုင်း အမြန်ရထားလမ်းသည် တရုတ်နိုင်ငံ၏ "တောင်-မြောက် ၈ လိုင်း၊ အရှေ့-အနောက် ၈ လိုင်း" အမြန်ရထားလမ်း ကွန်ရက်တွင် ယန်ဇီမြစ်ဝှမ်းတစ်လျှောက် အမြန်ရထားလမ်း ပင်မလိုင်း၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အဆိုပါ စီမံကိန်းကို Shudao Investment Group Co.,Ltd. မှ ပါဝင်ရင်းနှီးမြှုပ်နှံထားပြီး China Railway Eryuan Engineering Group Co., Ltd. (CREEC) မှ ပါဝင်ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ ရထားလမ်းတစ်လျှောက် စုစုပေါင်းအရှည် ၂၉၂ ကီလိုမီတာရှိပြီး တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားကြောင်း သိရသည်။

ချိန်တူး-ချုံချင့် အလယ်ပိုင်း အမြန်ရထားလမ်း လိုင်းတစ်လျှောက်တွင် လျှပ်စစ်ဆက်သွယ်ရေးဝါယာကြိုး စုစုပေါင်း ၇၄၂ ကီလိုမီတာ သွယ်တန်းတပ်ဆင်သည့် လုပ်ငန်းများကို မကြာမီဆောင်ရွက်ပြီးစီးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်း ပြီးစီးသွားပါက အခြား ရထားလမ်းကြောင်း အများအပြားနှင့် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ချိန်တူး-ချုံချင့်ဒေသ၏ ရထားလမ်းကွန်ရက်စနစ်ကို ပိုမို ပြည့်စုံကောင်းမွန်စေကာ ချိန်တူး-ချုံချင့်ဒေသ မြို့နှစ်မြို့ စီးပွားရေးဇုန် တည်ဆောက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်သည်။ (Xinhua)

ချိန်တူး-ချုံချင့် အလယ်ပိုင်း အမြန်ရထားလမ်း ကျန်ကျိုးမှ လဲ့ကျစ် အပိုင်း၌ လျှပ်စစ်ဆက်သွယ်ရေးဝါယာကြိုး တပ်ဆင်နေသည့် လုပ်ငန်းခွင်အား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ချိန်တူး-ချုံချင့် အလယ်ပိုင်း အမြန်ရထားလမ်း ကျန်ကျိုးမှ လဲ့ကျစ် အပိုင်း၌ လျှပ်စစ်ဆက်သွယ်ရေးဝါယာကြိုး တပ်ဆင်နေသည့် လုပ်ငန်းခွင်အား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------

(Chinese Version)

成渝中线高铁全线首条接触网导线成功架设

8月21日,随着全线首条接触网导线成功架设,成渝中线高铁“四电”工程正式进入攻坚阶段。目前,全线隧道、桥梁、路基工程基本完成,新建站房均已完成主体工程,预计2026年年底前进入联调联试阶段。

成渝中线高铁是我国“八纵八横”高铁网沿江通道的重要组成部分,项目由蜀道投资集团有限责任公司参与投资,中铁二院工程集团有限责任公司参与设计,线路正线全长292公里,设计时速350公里。

据悉,成渝中线高铁全线将完成742条公里的接触网导线架设任务。项目建成后,将与多条线路互联互通,进一步完善成渝地区路网结构,助力成渝地区双城经济圈建设。(记者李杰、肖玥)

1. 8月21日,在成渝中线高铁简州至乐至区间,建设者在进行接触网导线架设作业。新华社记者 王曦 摄

2. 这是8月20日在成渝中线高铁简州至乐至区间拍摄的接触网导线架设作业现场