တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်တယ်မြို့ ကျူးကျားဖူမြို့နယ် တွမ့်ထီရွာတွင် ရွာသားအား ဆန်စပါးရိတ်သိမ်းမှု အခြေအနေ ဆွေးနွေးနေသည့် ဝမ်ကျင်း (ယာဘက်) ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်တယ်မြို့ ကျူးကျားဖူမြို့နယ် တွမ့်ထီရွာတွင် ရွာသားအား ဆန်စပါးရိတ်သိမ်းမှု အခြေအနေ ဆွေးနွေးနေသည့် ဝမ်ကျင်း (ယာဘက်) ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှား၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

“စိုက်ပျိုးရေး နည်းပညာလုပ်ငန်း လုပ်ကိုင်ရတာဟာ စိတ်ရှည်ရှည်ထားနိုင်ပြီး ငြီးငွေ့ဖို့ကောင်းတာကို သည်းခံနိုင်ဖို့လိုတဲ့ အလုပ်တစ်ခုပါ” ဟု ယခုနှစ်တွင် အသက် ၂၄ နှစ်ရှိပြီဖြစ်သည့် အခြေခံအလွှာ စိုက်ပျိုးရေးနည်းပညာရှင် ဝမ်ကျင်းက ပြောကြားခဲ့သည်။

အခြေခံအလွှာ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်လုပ်ဆောင်ရေးအဖွဲ့အစည်းက အထူးပျိုးထောင်ထားသည့် အထူးစိုက်ပျိုးရေးနည်းပညာကျောင်းသားတစ်ဦးဖြစ်သော ဝမ်ကျင်းသည် ၂၀၂၃ ခုနှစ်တွင် ဘွဲ့ရပြီးနောက် တရုတ်နိုင်ငံ တုန့်ထိန်ရေကန် အနောက်ဘက်ကမ်းတွင် တည်ရှိသော ဟူနန်ပြည်နယ် ချန်တယ်မြို့ ဟန့်စို့ခရိုင် ကျူးကျားဖူမြို့နယ်ရှိ ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျောင်းဝင်းမှထွက်ခွာ၍ မြို့နယ် စိုက်ပျိုးရေးအထွေထွေဝန်ဆောင်မှုစင်တာသို့ ရောက်ရှိလာချိန်တွင် ၎င်းသည် ကျေးလက်လုပ်ငန်းများ၌ ဇောက်ချလုပ်ကိုင်ခဲ့ပြီး သုံးနှစ်တာကာလအတွင်း ရွံ့မြေများအထိ သွားရောက်ကာ နေပူမိုးရွာ မရှောင်ဘဲ စိုက်ခင်းများထဲ၌ ပြေးလွှားလုပ်ကိုင်ခဲ့သည်။

အလုပ်ဝင်ခါစ၌ တောင်သူအများအပြားက အဆိုပါ “၂၀၀၀ ပြည့်လွန်နှစ်ဖွား” မိန်းကလေးအပေါ် စိုးရိမ်သံသယများ ရှိခဲ့သည်။ ဝမ်ကျင်းက စိတ်ရောကိုယ်ပါနှစ်၍ စာအုပ်ပါသဘောတရားနှင့် စိုက်ခင်းအတွင်း လက်တွေ့ဖော်ဆောင်မှုများကို ပေါင်းစပ်ကာ မိမိ၏စွမ်းရည်ကို အဆက်မပြတ် မြှင့်တင်ခဲ့သည်။

တောင်သူများ၏ စပါးစိုက်ခင်း အဖျက်ပိုးပြဿနာများအား ကိုင်တွယ်စီမံရာတွင် ၎င်းက နေရာ၌ပင် လေ့လာအကဲဖြတ်ခြင်း၊ ကျွမ်းကျင်ပညာရှင်နှင့်ချိတ်ဆက်ခြင်း၊ အဆက်မပြတ် နောက်ဆက်တွဲ စီမံထိန်းသိမ်းခြင်းတို့ဖြင့် တောင်သူများ၏ ကုန်ထုတ်လုပ်မှုအကျပ်အတည်းကို အကြိမ်များစွာ ကူညီဖြေရှင်းပေးခဲ့ရာ စားနပ်ရိက္ခာ ရိတ်သိမ်းမှုကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့သည်။

၎င်း၏အမြင်တွင် စားနပ်ရိက္ခာပြဿနာအား ဖြေရှင်းခြင်း၏ အရင်းခံနည်းလမ်းသည် သိပ္ပံနည်းပညာပင်ဖြစ်ပြီး နည်းပညာကမူ ‌မြေကြီးထဲတွင် ထဲထဲဝင်ဝင် ဆောင်ရွက်မှသာလျှင် အင်အားရရှိနိုင်မည်ဖြစ်သည်။

စိုက်ပျိုးမှုတိုင်းက ရိတ်သိမ်းရရှိမှု ရှိစမြဲပင်ဖြစ်သည်။ ၎င်းသည် စိုက်ခင်းများအတွင်း၌ ကြိုးပမ်းဆောင်ရွက်ပြီး လက်တွေ့လုပ်ဆောင်ချက်ဖြင့် လူငယ် “စိုက်ပျိုးရေးလုပ်ငန်း၊ ကျေးလက်နှင့် တောင်သူ” လုပ်ငန်း လုပ်ကိုင်သူ၏ ဇွဲလုံ့လနှင့် ချစ်မြတ်နိုးမှုကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ရာ ကျေးလက်ရှင်သန် ဖွံ့ဖြိုးတိုးတက်မှု ရှေ့တန်းနေရာ၌ ငယ်ရွယ်သူတို့၏ လုပ်ဆောင်ချက်အဖြေကို တင်ဆက်ဖော်ပြလိုက်ပေသည်။ (Xinhua)

-----------------------------------

(Chinese Version)

洞庭稻田里的“00后”农技员

新华社照片,长沙,2026年8月21日

“做农技是一项需要沉得住气、耐得住寂寞的工作”,今年24岁的基层农技员王金说。

作为基层农技推广机构定向培养的农技特岗生,王金2023年毕业后,回到了位于洞庭湖西岸的家乡湖南省常德市汉寿县朱家铺镇。走出校园,进入镇农业综合服务中心,她一头扎进乡土,三年来脚踩泥泞、顶着严寒酷暑,奔走在田间地头。

刚参加工作时,不少农户对这位“00后”姑娘心存顾虑。王金沉下心,将书本理论同田间实践结合,不断提升本领。面对农户稻田病害难题,她现场研判、对接专家、持续跟踪管护,多次帮农户化解生产危机,守住粮食收成。在她看来,解决吃饭问题,根本出路在科技,而科技要扎进泥土里,才有力量。

一分耕耘,一分收获,她以汗水浇灌田野,用实干诠释青年“三农”工作者的坚守与热爱,在乡村振兴一线交出青春答卷。

图说1:8月20日,王金(右)在朱家铺镇断堤村与村民沟通中稻收获情况。 新华社记者 陈思汗 摄

图说2:8月20日,王金(右)在朱家铺镇马家村指导村民进行水稻病虫害防治。新华社记者 陈思汗 摄