
ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
Mirza Fakhrul Islam Alamgir က ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် တရုတ်နိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းကာ ခေတ်သစ် တရုတ်-ဘင်္ဂလားဒေ့ရှ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို စဉ်ဆက်မပြတ် ရှေ့သို့တိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သမ္မတရွေးကောက်ပွဲကို သြဂုတ် ၂၀ ရက်တွင် ကျင်းပခဲ့ရာ အာဏာရ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ (BNP) မှ ကိုယ်စားလှယ်လောင်း Alamgir က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၃ ဦးမြောက် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း၊ ယင်းအပေါ် တရုတ်ဘက်မှ မည်သို့မှတ်ချက်ပေးလိုပါသနည်း။ နောက်တစ်ဆင့် တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးနှင့်ပတ်သက်၍ မည်သည့်မျှော်လင့်ချက်များ ရှိပါသနည်းဟု ယင်းနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
"Alamgir က ဘင်္ဂလားဒေ့ရှ်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် တရုတ်နိုင်ငံအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်အတူ လက်တွဲကြိုးပမ်းကာ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသည့် အရေးကြီး သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်မှုကို မြှင့်တင်ပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုများကို တိုးချဲ့ကာ ခေတ်သစ် တရုတ်-ဘင်္ဂလားဒေ့ရှ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အရှိန်ဟုန်မပျက် ရှေ့သို့ ဆက်လက်တိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
-----------------
(Chinese Version)
外交部:中方祝贺阿拉姆吉尔当选孟加拉国总统
新华社北京8月21日电(记者邵艺博、董雪)外交部发言人林剑21日表示,中方祝贺阿拉姆吉尔先生当选孟加拉国总统,愿同孟政府一道努力,推动新时代中孟命运共同体建设不断向前发展。
当日例行记者会上,有记者问:8月20日,孟加拉国举行总统选举,执政党孟加拉国民族主义党候选人阿拉姆吉尔当选孟第23任总统。中方对此有何评论?对下阶段中孟关系有何期待?
“中方祝贺阿拉姆吉尔先生当选孟加拉国总统。”林剑表示,中方高度重视发展中孟关系,愿同孟政府一道努力,共同落实好两国领导人达成的重要共识,推进高质量共建“一带一路”,拓展各领域交流合作,推动新时代中孟命运共同体建设不断向前发展。
1. 8月20日,在孟加拉国首都达卡的国民议会大厦,米尔扎·法赫尔·伊斯兰·阿拉姆吉尔(前右二)在总统选举结束后挥手致意。新华社发








