
ဖူကျိုး၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
ခယ်ချိုးထို ရှေးဟောင်းသမိုင်းဝင်နေရာ ပြတိုက် (တရုတ် ရှေးဟောင်းသုတေသန ပြတိုက် ခယ်ချိုးထိုပြတိုက်ခွဲ) သည် ဖူကျန့်ပြည်နယ် ဖိန်ထန်းမြို့တွင် တည်ရှိပြီး၊ ဒေသတွင်း ခယ်ချိုးထို ရှေးဟောင်းသုတေသနနေရာ အစုအဝေးကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။
ဤနေရာသည် ဩစထရိုနီးရှန်း ဘာသာစကားပြော လူမျိုးစုများ၏ ယဉ်ကျေးမှုကို သုတေသနပြုခြင်း၊ ရှင်းလင်းတင်ပြခြင်းနှင့် ပညာဖြန့်ဝေပေးခြင်းတို့အတွက် အရေးပါသော အချက်အချာနေရာတစ်ခု ဖြစ်သည့်အပြင် ဖိန်ထန်မြို့၏ သမိုင်းမတင်မီခေတ် ယဉ်ကျေးမှုကို ပြသရာ အရေးကြီးသော ပြတင်းပေါက်တစ်ခုလည်း ဖြစ်သည်။ ရှေးဟောင်း သမိုင်းဝင်ပစ္စည်းများ စုဆောင်းသိမ်းဆည်းခြင်း၊ သိပ္ပံနည်းကျ သုတေသနပြုခြင်းနှင့် ပညာပေးဖြန့်ဝေခြင်းတို့ကို တစ်ပါတည်း ပေါင်းစပ်ထားပြီး ဒေသတွင်း "ရှေးဟောင်းသုတေသန + ယဉ်ကျေးမှုခရီးသွားလုပ်ငန်း" စီးပွားရေးပုံစံသစ်ကို ဖော်ဆောင်ရာတွင် ရရှိခဲ့သော အသီးအပွင့်တစ်ခုလည်း ဖြစ်သည်။
ဖိန်ထန်းမြို့ ခယ်ချိုးထို ရှေးဟောင်းသမိုင်းဝင်နေရာ ပြတိုက်တွင် ခယ်ချိုးထို၊ ရှီးရင်၊ တုန်းဟွားချိုးနှင့် ကွေးဆန်း စသည့် ရှေးဟောင်းသမိုင်းဝင်နေရာ ပါဝင်ပြီး အစောပိုင်း ဩစထရိုနီးရှန်း ဘာသာစကားပြော လူမျိုးစုများ၏ အသွင်ပြင်လက္ခဏာနှင့် ရွှေ့ပြောင်းသွားလာမှုနိယာမ စသည်တို့ကို သုတေသနပြုလေ့လာရန် ခိုင်မာသော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ ပံ့ပိုးပေးသဖြင့် "၂၀၂၃ ခုနှစ် အမျိုးသားအဆင့် ထိပ်တန်း ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှု ၁၀ ခု" အဖြစ် စာရင်းတွင် ထည့်သွင်းခြင်း ခံခဲ့ရသည်။ (Xinhua)
-------------------
(Chinese Version)
活力中国调研行丨走进壳丘头遗址博物馆
壳丘头遗址博物馆(中国考古博物馆壳丘头分馆)位于福建平潭,依托当地壳丘头遗址群而建,是研究、阐释、宣传南岛语族文化的重要阵地和展示平潭史前文化的重要窗口,集文物收藏、科学研究、宣传教育于一体,也是当地探索“考古+文旅”新业态的一项成果。
平潭壳丘头遗址群包括壳丘头、西营、东花丘、龟山等遗址,为探究早期南岛语族人群特征、迁徙规律等提供坚实的考古学材料,被列入“2023年度全国十大考古新发现”。
1. 8月20日,观众在壳丘头遗址博物馆“向海而生——平潭史前文化”展厅参观 新华社记者 杜潇逸 摄
2. 8月20日在壳丘头遗址博物馆“向海而生——平潭史前文化”展厅拍摄的东花丘遗址出土的陶单耳杯 新华社记者 杜潇逸 摄








