AI Origin Community အတွင်းရှိ လက်တွေ့ပတ်ဝန်းကျင် စမ်းသပ်ခန်းတစ်ခု၌ Embodied AI မော်ဒယ် တပ်ဆင်ထားသော စက်ရုပ်တစ်ရုပ် အိမ်သန့်ရှင်းရေးလုပ်ခြင်း လေ့ကျင့်နေသည်ကို၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
AI Origin Community အတွင်းရှိ လက်တွေ့ပတ်ဝန်းကျင် စမ်းသပ်ခန်းတစ်ခု၌ Embodied AI မော်ဒယ် တပ်ဆင်ထားသော စက်ရုပ်တစ်ရုပ် အိမ်သန့်ရှင်းရေးလုပ်ခြင်း လေ့ကျင့်နေသည်ကို၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ ဟိုင်တျန့်ခရိုင်ရှိ AI Origin Community တွင် Embodied AI မော်ဒယ် တပ်ဆင်ထားသော စက်ရုပ်တစ်ခုသည် ပညာရှင်သီးသန့် ဝန်ထမ်းအိမ်ရာ တိုက်ခန်းအတွင်း အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ရေကန် ဆေးကြောခြင်း စသည့် စွမ်းရည်မြှင့်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း များမကြာမီက သိရပါသည်။

အဆိုပါစက်ရုပ်ရှိနေသော တိုက်ခန်းသည် AI Origin Community မှ ဖန်တီးတည်ဆောက်ထားသည့် လက်တွေ့ပတ်ဝန်းကျင်စမ်းသပ်ခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။ သမားရိုးကျ စိတ်ကူးယဉ်ပတ်ဝန်းကျင် စမ်းသပ်ခန်းများနှင့် မတူသလို ဤနေရာ၏ အလင်းရောင်၊ ပစ္စည်းကိရိယာ ထားသိုမှု စသည့် ပတ်ဝန်းကျင် အချက်အလက်များမှာ သေချာပုံသေ သတ်မှတ်ထားခြင်း မဟုတ်ဘဲ လူသားတို့၏ နေ့စဉ်လူနေမှု ပတ်ဝန်းကျင်နှင့် နီးစပ်သည်။ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် Embodied AI မော်ဒယ်၏ ဒေတာများကို ပိုမိုစုံလင်စွာ မှတ်တမ်းတင်နိုင်ရန်၊ စက်ရုပ်များအား လေ့ကျင့်ပေးရာတွင် တာဝန်များကို ပိုမိုကောင်းမွန်စွာ နားလည်စေရန်၊ အဆင့်လိုက် ခွဲခြမ်းစိတ်ဖြာနိုင်စေရန်နှင့် ပြီးမြောက်အောင် ဆောင်ရွက်နိုင်စေရန် အထောက်အကူပြုသည်။

အနာဂတ်တွင် AI Origin Community သည် ရုံးအဆောက်အအုံများ၊ အရောင်းဆိုင်ငယ်များ၊ အစားအသောက်နှင့် ဝန်ဆောင်မှုပေးသည့် နေရာများနှင့် စူပါမားကတ် စသည့်နေရာများကို တဖြည်းဖြည်း ချဲ့ထွင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး စက်ရုပ်များ လေ့ကျင့်ရန်အတွက် ပိုမိုများပြားသော လက်တွေ့ပတ်ဝန်းကျင်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။(Xinhua)

-------------------------

(Chinese Version)

北京海淀:真实场景试验室助力机器人“成长”

近期,在位于北京市海淀区的AI原点社区,一款搭载具身大模型的机器人在人才公寓房间内进行整理家务、清洁水池等训练。 据了解,机器人所在的房间是AI原点社区打造的一处真实场景试验室。与传统的理想环境试验室不同,这里的光线、物体摆放等环境要素不是固定的,与人们的生活环境相近,助力工作人员记录更加丰富的具身大模型数据,帮助机器人训练,让它们更好地理解任务、拆解任务、完成任务。据介绍,未来AI原点社区会逐步开放办公楼、商业小屋、餐饮空间、超市等场所,为机器人训练提供更多真实场景。

1. 8月17日,一款搭载具身大模型的机器人在AI原点社区内的一处真实场景试验室进行整理家务训练。新华社记者 任超 摄

2. 8月17日,一款搭载具身大模型的机器人在AI原点社区内的一处真实场景试验室进行播放唱片训练。新华社记者 任超 摄