
ဆိုးလ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဩဂုတ် ၂၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိမ်ပြာတော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာ၌ လီဂျေမြောင်က မိမိအနေဖြင့် ယခုနှစ် ဇန်နဝါရီလ၌ တရုတ်နိုင်ငံသို့ ခရီးစဉ်သွားရောက်ရာတွင် သမ္မတ ရှီကျင့်ဖိန်၏ နွေးထွေးစွာ ကြိုဆိုဧည့်ခံမှုကို ရရှိခဲ့ရာ သမ္မတ ရှီကျင့်ဖိန်အား ကျေးဇူးတင်ကြောင်းနှင့် ရင်းနှီးစွာနှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားပေးရန် ပြောကြားခဲ့သည်။
လက်ရှိ တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးသည် လျင်မြန်စွာ ကောင်းမွန်တိုးတက်လျက်ရှိသည်ကို အလွန်ဝမ်းမြောက်ဖွယ်တွေ့ရှိရကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုအရှိန် အားကောင်းလျက်ရှိရာ ယခုနှစ်တွင် ပြည်သူများ အပြန်အလှန်ခရီးသွားရောက်မှု အကြိမ်ရေ ၁၀ သန်း ကျော်လွန်မည်ဟု မျှော်မှန်းရကြောင်း၊ တရုတ်နိုင်ငံအပေါ် တောင်ကိုရီးယားပြည်သူများ၏ သိရှိနားလည်မှုမှာ စဉ်ဆက်မပြတ် ကောင်းမွန်လာရာ တရုတ်နိုင်ငံနှင့်အတူ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်သွားရန် အပြည့်အဝ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်၏ နှုတ်ခွန်းဆက်စကားကို သမ္မတ လီဂျေမြောင်အား တစ်ဆင့်ပြောကြားခဲ့ရာ လီဂျေမြောင် သမ္မတတာဝန် ထမ်းဆောင်ပြီးနောက် မှန်ကန်သော ရွေးချယ်မှုကို ရွေးချယ်ခဲ့ပြီး တရုတ်-တောင်ကိုရီးယား ဆက်ဆံရေး ပုံမှန်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းသည့် အရေးကြီးအင်အားဖြစ်ရာ နိုင်ငံတကာဒေသတွင်း ပဋိပက္ခများကို ညှိနှိုင်းဆွေးနွေးခြင်းမှတစ်ဆင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အစဉ်တစိုက် အဆိုပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် ထင်ရှားသည့် တည်ငြိမ်မှုအကြောင်းတရားဖြစ်ရာ ကမ္ဘာအတွက် အဖိုးတန်သော သေချာရောရာမှုများကို ပံ့ပိုးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ဈေးကွက်ဖြစ်လာမည် ဖြစ်ရာ နိုင်ငံအသီးသီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို မျှဝေသွားလိုကြောင်း၊ တရုတ်နိုင်ငံကို ထွေးပွေ့ခြင်းသည် အနာဂတ်ကို ထွေးပွေ့ခြင်း ဖြစ်သလို တရုတ်နိုင်ငံနှင့်အတူ လျှောက်လှမ်းခြင်းသည် အခွင့်အလမ်းများနှင့်အတူ လျှောက်လှမ်းခြင်းပင် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအပေါ် တောင်ကိုရီးယားနိုင်ငံက ချစ်ကြည်ရင်းနှီးသည့် မူဝါဒအား ခိုင်မာစွာ လက်ကိုင်ထားကျင့်သုံးရန် မျှော်လင့်ကြောင်း၊ လာမည့်နှစ် တရုတ်-တောင်ကိုရီးယား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၃၅ နှစ်မြောက် အခါသမယကို အခါအခွင့်အဖြစ် ထားရှိကာ တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးမြှင့်တင်မှုတွင် ပို၍ ကြီးမားသောတိုးတက်မှုရရှိစေရန်၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းငြိမ်းချမ်းစည်ပင်မှု မြှင့်တင်ရေးအတွက် အကျိုးဆောင်ရန် မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://www.news.cn/20260820/ebb8aab8b1974eef82fa82b9cfbe7ab4/c.html

--------------------------------------------------------------------------------------
(Chinese Version)
韩国总统李在明会见王毅
新华社首尔8月20日电(记者张粲 黄昕欣)韩国总统李在明20日在首尔青瓦台会见中共中央政治局委员、外交部长王毅。
李在明表示,我今年1月访华时得到习近平主席热情接待,请转达对习近平主席的感谢和诚挚问候。很高兴看到当前韩中关系正在快速改善和发展。两国经贸合作增长势头强劲,今年国民互访有望突破1千万人次,韩国民众对华认知不断改善,对同中国加强全面合作充满期待。
王毅转达习近平主席对李在明总统的问候,表示李在明总统就任后作出正确抉择,推动中韩关系回到正常轨道。中国是世界上维护和平的重要力量,一贯主张国际地区冲突通过对话政治解决;中国也是世界上突出的稳定因素,为世界提供了宝贵的确定性;中国更将成为世界上的最大市场,愿同各国尤其是邻国分享发展机遇。拥抱中国就是拥抱未来,和中国同行就是和机遇同行。希望韩方坚定奉行对华友好政策,以明年中韩建交35周年为契机,推动中韩战略合作伙伴关系取得更大进展,为促进两国发展和地区和平繁荣作出贡献。
https://www.news.cn/20260820/ebb8aab8b1974eef82fa82b9cfbe7ab4/c.html
1. 8月20日,韩国总统李在明在首尔青瓦台会见中共中央政治局委员、外交部长王毅。 新华社发








