တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့ Qr Tambo နိုင်ငံတကာလေဆိပ်ရှိ လေဆိပ်ဥပစာတွင် ကုန်ပစ္စည်းများကို အတင်အချ ပြုလုပ်နေသည့် Cathay Pacific နိုင်ငံတကာလေကြောင်းလိုင်းမှ လေယာဥ်တစ်စင်းကို ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့ Qr Tambo နိုင်ငံတကာလေဆိပ်ရှိ လေဆိပ်ဥပစာတွင် ကုန်ပစ္စည်းများကို အတင်အချ ပြုလုပ်နေသည့် Cathay Pacific နိုင်ငံတကာလေကြောင်းလိုင်းမှ လေယာဥ်တစ်စင်းကို ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟောင်ကောင်၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် ကာဇက်စတန်နိုင်ငံ၏ အယ်လ်မာတီမြို့အကြားတွင် ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၉ ရက်မှစတင်၍ တိုက်ရိုက်လေကြောင်းခရီးစဉ်များကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း ဟောင်ကောင်၏ အဓိကလေကြောင်းလိုင်းဖြစ်သော Cathay Pacific က သြဂုတ် ၂၀ ရက်က  ထုတ်ပြန်ကြေညာခဲ့သည်။

Cathay Pacific လေကြောင်းလိုင်း၏ ထုတ်ပြန်မှုအရ အယ်လ်မာတီမြို့မှာ အဆိုပါလေကြောင်းလိုင်း၏ ဗဟိုအာရှဒေသသို့ ပထမဆုံးပြေးဆွဲမည့်ခရီးစဉ်လည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ အဆိုပါလေကြောင်းလိုင်းသည် Airbus A330-300 လေယာဉ်များကို အသုံးပြု၍ သီတင်းပတ် တစ်ပတ်လျှင် ခရီးစဉ် ၃ ခု ပြေးဆွဲရန် စီစဉ်ထားပြီး ယင်းခရီးစဥ်များမှာ ဟောင်ကောင်နှင့် ကာဇက်စတန်နိုင်ငံအကြားမှ တစ်ခုတည်းသော တိုက်ရိုက်လေကြောင်းဆက်သွယ်မှုလည်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

အယ်လ်မာတီမြို့မှာ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများအတွက် ဗဟိုအာရှဒေသသို့ ဝင်ရောက်ရာတွင် အရေးပါသည့် ဝင်ထွက်ပေါက်တစ်ခုဖြစ်ကြောင်း Cathay Pacific လေကြောင်းလိုင်းက ထောက်ပြခဲ့သလို အဆိုပါလေကြောင်းခရီးစဥ်အသစ်က ကမ္ဘာလုံးဆိုင်ရာ လေကြောင်းဗဟိုဌာနတစ်ခုအဖြစ် ဟောင်ကောင်၏ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေမည်ဖြစ်ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” စီမံကိန်းတစ်လျှောက် ဆက်သွယ်ချိတ်ဆက်မှုများကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

...........................................

(English Version)

Hong Kong's Cathay Pacific to launch direct flights to Almaty

HONG KONG, Aug. 20 (Xinhua)

Hong Kong's flagship airline Cathay Pacific announced on Thursday that it will launch direct flights between China's Hong Kong and Almaty, Kazakhstan, starting Jan. 9, 2027.

According to Cathay, Almaty marks its first-ever destination in Central Asia. The airline plans to operate three flights a week using Airbus A330-300 aircraft, offering the only direct air link between Hong Kong and Kazakhstan.

The airline noted that Almaty serves as an important gateway to Central Asia for trade, business, and tourism, adding that the new route will reinforce Hong Kong's position as a global aviation hub and boost connectivity along the Belt and Road. ■

Photo caption: A Cathay Pacific aircraft loads and unloads cargo on the apron at OR Tambo International Airport in Johannesburg, South Africa, April 29, 2026.(Xinhua/Chen Wei)