နယူးယောက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှု ရပ်တန့်နေခြင်းကြောင့် အီရန်အပေါ် “ဖျက်ဆီးမှုအသွင် စီးပွားရေးလှုပ်ရှားမှု” လုပ်ဆောင်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၁၉ ရက်တွင် ကြေညာခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်နှင့် သဘောတူညီချက်ရရှိရန် အခွင့်အရေးကောင်း လက်လွတ်သွားပြီဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အီရန်အပေါ် “သမိုင်းကြောင်းတစ်လျှောက် နိုင်ငံအားဦးတည်သည့် ဖျက်ဆီးနိုင်မှုအရှိဆုံး စီးပွားရေးလှုပ်ရှားမှု” လုပ်ဆောင်မည်ဟု ကြေညာလိုက်ကြောင်း၊ ထို့ပြင် ထိုလှုပ်ရှားမှုကို “ယခင်ကမရှိခဲ့ဖူးသည့် စီးပွားရေးစစ်ပွဲနှင့် အထီးကျန်စေသည့် လှုပ်ရှားမှု” တစ်ရပ်ဟု ခေါ်ဆိုခဲ့ကြောင်း ထရမ့်က လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
ထရမ့်က မိမိနိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်း၊ ကုမ္ပဏီလုပ်ငန်း၊ လေဆိပ် သို့မဟုတ် အစိုးရအဖွဲ့အစည်းများက အီရန်သို့ မည်သည့်အသွင်ပုံစံမျိုးဖြင့်မဆို ပံ့ပိုးရန်ခွင့်ပြုထားသည့် မည်သည့်နိုင်ငံမဆို ဆိုးရွားသော စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ပြောကြားခဲ့သည်။ ထို့ပြင် အီရန်အား အထီးကျန်စေပြီး အီရန်၏ခြိမ်းခြောက်မှုကို ချေမှုန်းရန်လည်း ၎င်းက အမေရိကန်နှင့်အတူ အမေရိကန်၏ မဟာမိတ်အားလုံးကို တိုက်တွန်းခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က လာမည့်သီတင်းပတ် တစ်ပတ်အတွင်း အီရန်အပေါ် “ယခင်က မရှိခဲ့ဖူးသည့်” စီးပွားရေးဆိုင်ရာ အထီးကျန်စေမှု အစီအမံများ လုပ်ဆောင်ကြောင်း ထုတ်ပြန်ကြေညာကာ ဟော်မုဇ်ရေလက်ကြား၌ ပိတ်ဆို့မှုနှင့် တွဲဖက်ပြီး “အီရန်ဆိပ်ကမ်းသို့ မည်သည့်ကုန်ပစ္စည်းမဆို ပို့ဆောင်တင်ပို့မှုအား တားဆီးသွားမည်” ဖြစ်ကြောင်း ယခင်သီတင်းပတ်က သတိပေးပြောကြားခဲ့သည်။ (Xinhua)
--------------------------------------
(Chinese Version)
特朗普宣布对伊朗实施“毁灭性经济行动”
新华社纽约8月19日电(记者徐静)由于与伊朗的谈判停滞,美国总统特朗普19日宣布对伊朗实施“毁灭性经济行动”。
特朗普在社交媒体发帖称,伊朗错失与美国达成协议的良机,他宣布对伊朗实施“有史以来针对国家的最具毁灭性的经济行动”,并将其称为一场“前所未有的经济战和孤立行动”。
特朗普还威胁说,任何允许其金融机构、企业、机场或政府实体向伊朗提供任何形式支持的国家,都将面临严重的经济后果。他喊话所有美国盟友与美国一起来孤立和击败伊朗的威胁。
美国财政部长贝森特上周警告说,会在接下来一周宣布向伊朗实施“前所未见”的经济孤立措施,配合在霍尔木兹海峡的封锁,“阻止任何物资运入或运出伊朗港口”。(完)
图说:4月16日,美国总统特朗普在华盛顿白宫南草坪接受媒体采访。新华社发(李源清摄)








