တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ဖူထျန်ခရိုင် ယိထျန်လမ်းပေါ်တွင် SF Express အမြန်ကုန်စည်ပို့ဆောင်ရေးမှ မောင်းသူမဲ့ယာဉ်တစ်စီး မောင်းနှင်သွားလာနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ဖူထျန်ခရိုင် ယိထျန်လမ်းပေါ်တွင် SF Express အမြန်ကုန်စည်ပို့ဆောင်ရေးမှ မောင်းသူမဲ့ယာဉ်တစ်စီး မောင်းနှင်သွားလာနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့် (ကွမ်တုန်း)၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဆန်းကျန့်မြို့သည် ထောက်ပံ့ပို့ဆောင်ရေး မောင်းသူမဲ့ယာဉ်များ စီးပွားဖြစ် အသုံးချမှုကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး “စက်ယန္တရားများကို လမ်းပေါ်သွားလာလှုပ်ရှားစေပြီး လူသားများက ဝန်ဆောင်မှုပေးခြင်း” ဟူသော လုပ်ငန်းခွဲဝေမှုပုံစံဖြင့် ပို့ဆောင်ရေးဝန်ထမ်းများ၏ လုပ်အားပမာဏကို လျှော့ချပေးပြီး ထောက်ပံ့ပို့ဆောင်ရေး၏ ပို့ဆောင်ရေးအချိန်ကိုက်မှုကို မြှင့်တင်ပေးလျက်ရှိသည်။  

၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ဆန်းကျန့်မြို့တစ်ခွင် လည်ပတ်နေသော လုပ်ငန်းသုံး မောင်းသူမဲ့ယာဉ် အစီးရေ ၁,၃၃၇ စီး ရှိပြီး ယင်းတို့အနက် ထောက်ပံ့ပို့ဆောင်ရေး မောင်းသူမဲ့ယာဉ် ၈၃၇ စီး ပါဝင်ကာ လည်ပတ်လမ်းကြောင်း ၂,၈၉၀ ခုနှင့် လမ်းခရီး ကီလိုမီတာ ၁၃,၀၀၀ အထိ လွှမ်းခြုံထားသဖြင့် လည်ပတ်မှုပမာဏ လျင်မြန်စွာ တိုးတက်လျက်ရှိသည်။ (Xinhua)

.............................

(Chinese Version)

日夜穿梭街巷 深圳无人物流跑出新速度

新华社照片,深圳(广东),2026年8月19日

近年来,深圳加快物流无人车商业化落地,通过“机器跑路、人做服务”的分工模式,在降低快递员劳动强度的同时,加强物流配送时效。截至2026年7月,全市在营功能型无人车1337台,其中无人物流车837台,运营线路2890条,覆盖道路里程1.3万公里,运营规模快速增长。

图说1:8月18日,顺丰速运无人车行驶在深圳市福田区益田街的道路上。 新华社记者 毛思倩 摄

图说2:8月18日,在深圳市福田区的顺丰速运粤东区文化创意园营业店,工作人员准备将快件送上无人车。新华社记者 毛思倩 摄