
ရှန်ဟိုင်း၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)
Unitree Robotics သည် ဩဂုတ်လ ၁၉ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု ဘုတ်အဖွဲ့ (STAR Market) ၌ တရားဝင် စာရင်းဝင်ခဲ့ပြီး အစုရှယ်ယာတစ်စုလျှင် ထုတ်ရောင်းဈေး တရုတ်ယွမ် ၁၅၀.၈၀ ယွမ် ဖြစ်ကာ ထိုနေ့၏ ဈေးကွက်ပိတ်သိမ်းချိန်တွင် ရှယ်ယာတစ်စုလျှင် ၈၄၅ ယွမ်သို့ ရောက်ရှိခဲ့ကြောင်း ရှန်ဟိုင်း စတော့အိတ်ချိန်းမှ သိရှိရသည်။
Unitree Robotics ကို A-share စတော့ဈေးကွက်၏ “လူပုံစံတူစက်ရုပ် ပထမဆုံးစတော့ရှယ်ယာ” ဟု တင်စားခေါ်ဝေါ်ကြသည်။ အဆိုပါကုမ္ပဏီသည် စွမ်းဆောင်ရည်မြင့် ဘက်စုံသုံး လူပုံစံတူစက်ရုပ်များ၊ ခြေလေးချောင်းစက်ရုပ်များ၊ စက်ရုပ် အစိတ်အပိုင်းများနှင့် Embodied AI မော်ဒယ်များကို သုတေသနပြုခြင်းနှင့်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း လုပ်ငန်းများတွင် အထူးပြုလုပ်ဆောင်သည့် ကမ္ဘာ့ထိပ်တန်း စွမ်းဆောင်ရည်မြင့် ဘက်စုံသုံး စက်ရုပ်ကုမ္ပဏီတစ်ခု ဖြစ်သည်။ ကုမ္ပဏီသည် စွမ်းဆောင်ရည်မြင့် ခြေလေးချောင်းစက်ရုပ်များကို ကမ္ဘာတစ်ဝန်းတွင် ပထမဆုံးအကြိမ် တရားဝင် စီးပွားဖြစ် ရောင်းချနိုင်ခဲ့သည့်အပြင် လုပ်ငန်းခွင်များတွင် အမှန်တကယ် အသုံးပြုနိုင်အောင် ဦးဆောင်ဖန်တီးနိုင်ခဲ့သည်။ (Xinhua)
----------------------
(Chinese Version)
宇树科技登陆科创板
新华社上海8月19日电(记者刘慧、潘清)记者从上海证券交易所了解到,宇树科技于8月19日正式登陆科创板,发行价为150.80元/股,当日收盘价845元/股。
宇树科技被称为A股市场“人形机器人第一股”。该公司是一家国际领先的高性能通用机器人公司,专注于高性能通用人形机器人、四足机器人、机器人组件及具身智能模型的研发、生产和销售业务。公司在全球范围率先实现高性能四足机器人的公开销售与行业落地。
1. 4月23日,在知名机器人公司杭州宇树科技展厅内,宇树人形机器人G1展示高举挥手动作 新华社记者 黄宗治 摄








