
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ မကြာသေးမီက လက်ခံဖြေကြားခဲ့သော အင်တာဗျူးတွင် ထိုင်ဝမ်အရေးနှင့်စပ်လျဉ်း၍ သဘောထားဖော်ပြချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ စွဲကိုင်ထားခြင်းသည် ပြည်သူများ၏ ဆန္ဒနှင့် တရားမျှတမှု၏ တည်ရှိရာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ပြောကြားချက်ကို တန်ဖိုးထားချီးကျူးကြောင်း ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် မကြာသေးမီက လက်ခံဖြေကြားခဲ့သော အင်တာဗျူးတွင် ထိုင်ဝမ်မှာ တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်ကို သတင်းဖော်ပြချက်များအရ သိရကြောင်း ထိုနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးကဆိုခဲ့သည်။
ထိုင်ဝမ်အရေးကို ဖြေရှင်းရာတွင် လက်နက်အင်အားအသုံးပြုမည် မဟုတ်ဟူသည့် ကတိကဝတ်ကို ပြုမည်မဟုတ်ဟူသော တရုတ်နိုင်ငံ၏ ရပ်တည်ချက်အပေါ် မည်သို့ရှုမြင်ကြောင်း မေးမြန်းခံရသည့်အခါ အန်ဝါ အီဘရာဟင်က မလေးရှားနိုင်ငံ၏ ပြည်နယ်တစ်ခုခုက ခွဲထွက်ရန် တစ်ဇွတ်ထိုး လုပ်ဆောင်မည်ဆိုပါက ၎င်းအနေဖြင့် လက်နက်အင်အားသုံး၍ နိုင်ငံပေါင်းစည်းညီညွတ်မှုကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ပြီး သို့မဟုတ်ပါက နိုင်ငံအစိတ်စိတ်အမွှာမွှာပြိုကွဲသွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု ၎င်းက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ စွဲကိုင်ခြင်းသည် ပြည်သူများ၏ ဆန္ဒနှင့် တရားမျှတမှု၏ တည်ရှိရာဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်ခိုင်မာမာလက်ကိုင်ထားခြင်း၏ အခြေခံအခင်းအကျင်းမှာ ယိမ်းယိုင်၍မရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ ပြောကြားချက်ကို တန်ဖိုးထားချီးကျူးကြောင်း လျန်ကျန့်က ပြောကြားခဲ့သည်။
“ကျွန်တော် ထပ်လောင်း အလေးထားပြောကြားလိုတာက ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနယ်မြေပိုင်နက်ရဲ့ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မုချမသွေ ပေါင်းစည်းမှာဖြစ်သလို ပေါင်းစည်းခြင်းဟာလည်း မုချမသွေ ဖြစ်မှာ ဖြစ်ပါတယ်။ ဒါက ပြောင်းလဲလို့မရတဲ့ သမိုင်းအခြေအနေကြီး ဖြစ်တယ်” ဟု လျင်ကျန့်က ဆိုသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
外交部:对马来西亚总理安瓦尔涉台表态表示赞赏
新华社北京8月19日电(记者吴梦桐、董雪)就马来西亚总理安瓦尔近日接受采访时关于台湾问题的表态,外交部发言人林剑19日表示,坚持一个中国原则是人心所向、大义所在。中方对安瓦尔总理表态表示赞赏。
当日例行记者会上,有记者问:据报道,马来西亚总理安瓦尔近日接受采访时表示,台湾是中国的一部分。被问及如何看待中国在解决台湾问题上不承诺放弃使用武力的立场时,安瓦尔表示,如果马来西亚一个州执意分裂出去,他也会动用武力维护国家统一,否则国家就会四分五裂。中方对此有何评论?
林剑表示,坚持一个中国原则是人心所向、大义所在,国际社会坚持一个中国原则的基本格局不可撼动。中方对安瓦尔总理表态表示赞赏。
“我想再次强调,世界上只有一个中国,台湾是中国领土不可分割的一部分。中国必须统一,也必然统一,这是改变不了的历史大势。”林剑说。(完)








