
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့၌ အီကွေဒေါနိုင်ငံ သမ္မတ Daniel Roy-Gilchrist Noboa Azín နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကျောက်လဲ့ကျိက ယမန်နေ့တွင် သမ္မတရှီကျင့်ဖိန်နှင့် အဆွေတော် သမ္မတတို့ တွေ့ဆုံဆွေးနွေးခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအမံအသစ်တစ်ရပ် အတူတကွ ရေးဆွဲခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်-အီကွေဒေါ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ၁၀ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အီကွေဒေါနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးအဆင့်ကို စဉ်ဆက်မပြတ် မြှင့်တင်ရန်၊ နှစ်နိုင်ငံပြည်သူများအား ပိုမိုများပြားသော ကောင်းကျိုးသုခများ ဆောင်ကြဉ်းပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အနေဖြင့် အီကွေဒေါအမျိုးသားလွှတ်တော်နှင့်အတူ အလွှာအဆင့်ပေါင်းစုံနှင့် နယ်ပယ်ကဏ္ဍစုံတွင် ချစ်ကြည်ရင်းနှီးသော အပြန်အလှန်ဆက်ဆံမှုများကို အားကောင်းစေကာ ဥပဒေပြုရေး၊ ကြီးကြပ်ရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်မှုကို နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် ဥပဒေရေးရာ အာမခံချက်ပေးရန် ဆန္ဒရှိကြောင်း ကျောက်လဲ့ကျိက ပြောကြားခဲ့သည်။
Noboa က အီကွေဒေါနိုင်ငံသည် တရုတ်နိုင်ငံကို မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းတစ်ဦးအဖြစ် ရှုမြင်ပြီး တရုတ်နိုင်ငံက အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို ကာကွယ်ရာတွင် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် ဥပဒေပြုရေးအဖွဲ့အစည်းများအကြား အပြန်အလှန် သင်ယူမှုနှင့် အပြန်အလှန် မှီငြမ်းလေ့လာမှုကို အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်
အဆိုပါ တွေ့ဆုံမှုတွင် ရှောင်းကျယ် ပါဝင်တက်ရောက်ခဲ့သည်။ (Xinhua)
........................................
(Chinese Version)
赵乐际会见厄瓜多尔总统诺沃亚
新华社北京8月19日电 全国人大常委会委员长赵乐际8月19日上午在北京会见厄瓜多尔总统诺沃亚。
赵乐际表示,昨天,习近平主席同总统先生举行会谈,共同擘画双边关系发展新蓝图。今年是中厄建立全面战略伙伴关系10周年。中方愿同厄方一道,落实好两国元首达成的重要共识,赓续传统友谊,深化务实合作,不断提升双边关系水平,给两国人民带来更多福祉。中国全国人大愿同厄瓜多尔国会加强多层级、多领域友好交往,深化立法、监督和治国理政经验交流,为两国务实合作提供法律保障。
诺沃亚表示,厄瓜多尔视中国为好朋友、好伙伴,支持中方维护主权和领土完整,愿同中方深化贸易、投资等领域合作,加强立法机构互学互鉴。
肖捷参加会见。(完)
8月19日上午,全国人大常委会委员长赵乐际在北京会见厄瓜多尔总统诺沃亚。 新华社记者 刘卫兵 摄








