
ပေကျင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က အပိုဒ် ၁၀၇ "ရန်သူနိုင်ငံဆိုင်ရာ ပုဒ်မများ " အပါအဝင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ဂျပန်နိုင်ငံအနေဖြင့် ပြည့်စုံသေချာစွာ ဖတ်ရှုရန် မျှော်လင့်သည်ဟု လွန်ခဲ့သောရက်ပိုင်းက ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ၏ သက်ဆိုင်ရာ ထုတ်ဖော်ပြောကြားချက်အပေါ် တရုတ်နိုင်ငံဘက်မှ ထောက်ခံကြောင်းနှင့် "ရန်သူနိုင်ငံဆိုင်ရာ ပုဒ်မများ" သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အရေးကြီးသော ပြဋ္ဌာန်းချက်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဩဂုတ် ၁၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယခုနှစ်သည် တိုကျိုရုံးတင်စီရင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်ရာ "ရန်သူနိုင်ငံဆိုင်ရာ ပုဒ်မများ" ၏ အဓိပ္ပာယ်ကို ထပ်လောင်းအတည်ပြုခြင်းနှင့် ယင်းပြဋ္ဌာန်းချက်၏ စည်းနှောင်အားကို အလေးပေးဖော်ပြခြင်းသည် တရုတ်ပြည်သူများ၏ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းရလဒ်များကို ကာကွယ်ရန်၊ စစ်ဝါဒ ဝိညာဉ် ပြာပုံထဲမှ မီးစပြန်လည်တောက်လောင်ခြင်းကို တင်းကျပ်စွာ တားဆီးရန်အတွက် အရေးပါသော အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
------------------
(Chinese Version)
外交部:赞同俄罗斯外长有关涉日表态
新华社北京8月19日电(记者曹嘉玥、吴梦桐)据报道,俄罗斯外长拉夫罗夫日前表示,希望日本充分认真阅读《联合国宪章》,包括第107条“敌国条款”。外交部发言人林剑19日在例行记者会上说,中方赞同拉夫罗夫外长有关表态。“敌国条款”是《联合国宪章》的重要规定。今年是东京审判开庭80周年,重申“敌国条款”的含义,强调这一条款的约束力,对于捍卫中国人民抗日战争和世界反法西斯战争胜利成果、严防军国主义幽灵死灰复燃具有重要意义。








