တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိလာသော အီကွေဒေါနိုင်ငံ သမ္မတ Daniel Roy-Gilchrist Noboa Azín မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိလာသော အီကွေဒေါနိုင်ငံ သမ္မတ Daniel Roy-Gilchrist Noboa Azín မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အီကွေဒေါနိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ ချိတ်ဆက်မှု အားကောင်းစေရန်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတကွတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၁၈ ရက်၌ အလေးထားပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် စွမ်းအင်၊ သတ္တုတွင်း၊ အခြေခံအဆောက်အအုံ၊ ဘဏ္ဍာရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ စွမ်းအင်သစ်နှင့် ဉာဏ်ရည်တု စသည်တို့အပါအဝင် နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာရှာဖွေမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပေကျင်းမြို့၌ အီကွေဒေါနိုင်ငံ သမ္မတ Daniel Roy-Gilchrist Noboa Azín နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ရှီ၏ ဖိတ်ကြားချက်အရ Noboa သည် သြဂုတ် ၁၆ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။

ယခုနှစ်သည် တရုတ်-အီကွေဒေါ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၁၀ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း မှတ်ချက်ပြုလျက် နိုင်ငံတကာ အခင်းအကျင်း မည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်နိုင်ငံသည် တရုတ်-အီကွေဒေါ ဆက်ဆံရေးကို မဟာဗျူဟာမြောက် ရေရှည်ရှုထောင့်မှ အစဉ်ရှုမြင်ခဲ့ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အီကွေဒေါနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်များဆီသို့ ဆက်လက်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် အီကွေဒေါအနေဖြင့် ၎င်း၏ နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တရုတ်နိုင်ငံက လေးစားပြီး ထောက်ခံကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အစိုးရများ၊ ဥပဒေပြုလွှတ်တော်များနှင့် နိုင်ငံရေးပါတီများ အပါအဝင် ကဏ္ဍအသီးသီးတွင် နှစ်နိုင်ငံအကြား ဖလှယ်မှုများ ကျယ်ကျယ်ပြန့်ပြန့်တိုးမြှင့်ရန်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများ မျှဝေရန် ဆန္ဒရှိကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတက နှစ်နိုင်ငံအနေဖြင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အလားအလာကို ဆက်လက်ဖော်ထုတ်ရန် တိုက်တွန်းခဲ့သလို ၎င်း၏ အကျိုးအမြတ်များအား  စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများ ပိုမိုအကျိုးခံစားနိုင်စေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် အီကွေဒေါနိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ဘေးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် လျော့ပါးရေး စသည့်နယ်ပယ်များတွင် အီကွေဒေါနှင့် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်းလည်း ရှီက ပြောခဲ့သည်။

အီကွေဒေါနိုင်ငံ သမ္မတ Noboa က တရုတ်နိုင်ငံအား အီကွေဒေါ၏ အရေးပါသော မိတ်ဖက်နှင့် မိတ်ဆွေဟု တင်စားခေါ်ဝေါ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် အဆင့်သစ်တစ်ခုသို့ ဝင်ရောက်လာခဲ့ကာ နှစ်နိုင်ငံပြည်သူများထံ မြင်သာထင်သာသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံသည် တရုတ်နိုင်ငံနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစေရန်၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ထိန်းသိမ်းစောင့်ရှောက်မှုအပေါ် ထောက်ခံရန်နှင့် ထိုင်ဝမ်အရေးနှင့် စပ်လျဉ်း၍ တရုတ်၏ ရပ်တည်ချက်ကို လေးစားရန် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ဆိုသည်။

အီကွေဒေါနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားကြောင်း မှတ်ချက်ပြုလျက် စီးပွားရေးနှင့် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ သတ္တုတွင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များ၌ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် နှစ်နိုင်ငံလုံးကို Noboa က တိုက်တွန်းခဲ့ကြောင်း သိရသည်။  (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260818/bc68809d3a234a3fba6061628eb33a8c/c.html

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိလာသော အီကွေဒေါနိုင်ငံ သမ္မတ Daniel Roy-Gilchrist Noboa Azín မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ ခရီးစဉ်ရောက်ရှိလာသော အီကွေဒေါနိုင်ငံ သမ္မတ Daniel Roy-Gilchrist Noboa Azín မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

……………………………………..

(English Version)

Xi calls for stronger China-Ecuador synergy in development strategies

BEIJING, Aug. 18 (Xinhua) -- Chinese President Xi Jinping on Tuesday emphasized that China and Ecuador should strengthen the synergy of their development strategies and implement the cooperation plan for jointly building the Belt and Road.

The two countries should deliver on cooperation projects in energy, minerals, infrastructure, finance and other sectors, and actively explore cooperation in areas including the digital economy, green development, new energy and artificial intelligence, Xi said when holding talks with President of the Republic of Ecuador Daniel Roy-Gilchrist Noboa Azín in Beijing.

Noboa is on a state visit to China from Aug. 16 to 23 at the invitation of Xi.

Noting this year marks the 10th anniversary of the China-Ecuador comprehensive strategic partnership, Xi said no matter how the international landscape changes, China has always viewed China-Ecuador relations from a strategic and long-term perspective.

China stands ready to work with Ecuador to continuously elevate bilateral relations to new heights and deliver greater benefits to the people of both countries, he said.

Xi said China respects and supports Ecuador in exploring a development path that suits its national conditions. China is willing to intensify exchanges between the two countries across various sectors, including governments, legislatures, and political parties, and enhance experience sharing on governance, he added.

The Chinese president encouraged both sides to continue unlocking the potential of the free trade agreement so that its dividends can benefit more businesses and consumers. He also expressed China's willingness to cooperate with Ecuador in areas such as healthcare, poverty alleviation, disaster prevention and mitigation, in support of Ecuador's national development.

Calling China an important partner and friend of Ecuador, Noboa said bilateral relations have entered a new phase, delivering tangible benefits to the two peoples.

He said Ecuador is willing to deepen political mutual trust with China, supports China in safeguarding its sovereignty and territorial integrity, and respects China's position on the Taiwan question.

Noting that Ecuador attaches great importance to cooperation with China, Noboa called on the two sides to strengthen mutually beneficial cooperation in economy and trade, finance, minerals, renewable energy, science and technology, culture and other fields.

https://english.news.cn/20260818/bc68809d3a234a3fba6061628eb33a8c/c.html

Photo caption : Chinese President Xi Jinping holds talks with President of the Republic of Ecuador Daniel Roy-Gilchrist Noboa Azín, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, Aug. 18, 2026. (Xinhua/Li Xiang)