
နန်ချန်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ချန်ကွေ့ဖိန်သည် တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကျီအန်းမြို့ ချင်းယွမ်ခရိုင် ရှင်းဝေမြို့နယ်မှ ကျေးလက်ဆရာဝန်တစ်ဦးဖြစ်သည်။ အသက် ၃ နှစ်အရွယ်တွင် ၎င်းသည် မီးဘေးကြောင့် ကံမကောင်းအကြောင်းမလှစွာ ညာဘက်လက်မောင်း ဆုံးရှုံးခဲ့ရသည်။
၁၉၈၉ ခုနှစ်တွင် ချန်ကွေ့ဖိန်သည် ဦးလေးဖြစ်သူက အဆုတ်ရောင်ရမ်းမှုကို အချိန်မီ ကုသနိုင်ခြင်းမရှိသဖြင့် နှလုံးစွမ်းဆောင်ရည်လည်းကျဆင်းကာ ကွယ်လွန်သွားခဲ့ရသည်ကို ကိုယ်တိုင် မျက်မြင်တွေ့မြင်ခဲ့ရသည်။ ထို့နောက် ၎င်းက ကြီးလာလျှင် ဆရာဝန်လုပ်၍ လူနာများအား ရောဂါကုသကယ်တင်ပေးပြီး ရွာသူ၊ ရွာသားများအနေဖြင့် ဆေးကုသရန် အခြေအနေမပေးမှုကြောင့် တစ်ဘဝလုံး နောင်တရခြင်း မရှိစေရဟု စိတ်ထဲတွင် ဆုံးဖြတ်ချက်ချခဲ့သည်။
၁၉၉၆ ခုနှစ်တွင် ဆေးခန်းစဖွင့်သည်မှ ယနေ့တိုင် နှစ်ပေါင်း ၃၀ အတွင်း ၎င်းသည် စုစုပေါင်း ဆေးကုသမှုအကြိမ်ရေ ၂၀၀,၀၀၀ ကျော် ကုသပေးခဲ့ပြီး အခက်အခဲရှိသူများအတွက် ဆေးဝါးခ ယွမ် ၄၀၀,၀၀၀ နီးပါး အခမဲ့၊ လျှော့ချပေးခြင်းများဖြင့် ပံ့ပိုးကူညီခဲ့သည်။ ထို့ပြင် ဒေသတွင်းမှ အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူဦးရေ ၂၇၀ ကျော်အတွက်လည်း ကိုယ်တိုင်အရင်းအနှီးစိုက်ထုတ် ကူညီပေးခဲ့သည်။ ချန်ကွေ့ဖိန်သည် ဘယ်ဘက်လက်ဖြင့်သာ ဆေးကုသနိုင်သော်လည်း ၎င်းသည် နွေးထွေးသော “ညာဘက်လက်” ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။
၁၉၉၈ ခုနှစ်တွင် ချန်ကွေ့ဖိန်နှင့် ဝန်အန်းဟွာတို့ ထိမ်းမြားလက်ထပ်ခဲ့သည်။ အန်းဝန်ဟွာသည် အမျိုးသားဖြစ်သူ၏ အလုပ်အကိုင်ကို နှစ်ပေါင်းများစွာ အနားမှမခွဲမခွာ အစဉ်အမြဲ ပံ့ပိုးကူညီပေးခဲ့သည်။
ချန်ကွေ့ဖိန်၏ နေ့စဉ်လုပ်ငန်းများအား အထောက်အကူပေးရန် ပုံမှန်အချိန်များတွင် ဝန်အန်းဟွာသည် ဆေးခန်း၌ ဆေးပေးခြင်း၊ ဆေးထိုးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ စက်ပစ္စည်းများအား စီမံနေရာချထားခြင်း စသည့် အသေးအဖွဲကိစ္စများကို တိတ်တဆိတ်လုပ်ကိုင်ခဲ့သည်။ ချန်ကွေ့ဖိန်က ပြင်ပသွားရောက်ဆေးကုသမှု လမ်းခရီးတွင် ပိုမိုအဆင်ပြေစေရန်အတွက် ရွာထဲသို့သွားရောက် ကုသချိန်တိုင်းတွင် ဝန်အန်းဟွာက စက်ဘီး သို့မဟုတ် လျှပ်စစ်ဆိုင်ကယ်စီး၍ “အထူးယာဉ်မောင်း” အဖြစ်လည်း ပြုလုပ်ပေးခဲ့သည်။ အားကစားလုပ်ရန် ဝါသနာမပါသော ဝန်အန်းဟွာသည် ချန်ကွေ့ဖိန် လက်မောင်းကြွက်သားများ လေ့ကျင့်ရန်အတွက် စားပွဲတင်တင်းနစ် ကစားရာတွင်လည်း အတူလေ့ကျင့်ပေးခဲ့သည်။
ယနေ့တွင် ဇနီးမောင်နှံနှစ်ဦး၏ အတူတကွကြိုးပမ်းမှုဖြင့် လာရောက်ဆေးကုသသော ရွာသူ၊ ရွာသားများ စဉ်ဆက်မပြတ်ရှိနေသည်။ ချန်ကွေ့ဖိန်ကလည်း “လေဖုန်းစိတ်ဓာတ်အား လေ့လာသင်ယူသူ အမျိုးသားစံပြပုဂ္ဂိုလ်” ၊ “တရုတ်နိုင်ငံ လူတော်လူကောင်း” ၊ “အမျိုးသားထူးချွန်ကျေးလက်ဆရာဝန်” စသည့် ဂုဏ်ပုဒ်များ ချီးမြှင့်ခြင်းခံခဲ့ရသည်။
၎င်းတို့ဇနီးမောင်နှံ လက်ထပ်သည့် နှစ်ပေါင်းများစွာအတွင်း ဆေးကုသရေးလုပ်ငန်း အလုပ်များသဖြင့် ချန်ကွေ့ဖိန်သည် ဇနီးဖြစ်သူနှင့်အတူ အပြင်ခရီးသွားလည်ပတ်သည်မှာ အလွန်နည်းလှသည်။ ချန်ကွေ့ဖိန်၏ စားပွဲအံဆွဲထဲတွင် ၎င်းတို့နှစ်ဦး၏ လက်ထပ်လက်မှတ်ထည့်ထားပြီး ၎င်းအပေါ်မှ ဓာတ်ပုံသည် အိမ်တွင်ရှိသော တစ်ခုတည်းသော စုံတွဲဓာတ်ပုံဖြစ်သည်။ ယင်းအပေါ် ဇနီးဖြစ်သူ ဝန်အန်းဟွာက ငြူစူပြောဆိုမှုမှာ မရှိသလောက်နည်းပါးသည်။
“သူက ညာဘက်လက် မရှိတာ ကျွန်မကတော့ ဒါအရေးကြီးတယ်မထင်ဘူး။ ယောက်ျားဆိုတာ အရည်အချင်းရှိဖို့ပဲ အရေးကြီးတာပါ။ သူက ကျွန်မရင်ထဲက ‘သိမ်းငှက်သူရဲကောင်း’ ပဲ၊ သူက သိုင်းပညာမတတ်ပေမဲ့ ဆေးကုသတဲ့နေရာမှာတော့ သိပ်ကိုတော်ပါတယ်” ဟု ဝန်အန်းဟွာက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
他左手打针 却有着温柔的“右臂”
新华社照片,南昌,2026年8月19日
陈桂平是江西省吉安市青原区新圩镇的乡村医生。3岁时,他因火灾不幸失去右臂。1989年,陈桂平目睹姑父因肺炎未得到及时治疗合并心衰去世。他暗下决心:长大后要当一名医生,治病救人,不让乡亲再因缺医少药而抱憾终生。
从1996年开办诊所至今,30年来他累计接诊超20万人次,为困难群体减免医药费近40万元,还个人出资帮助当地270多名困难学子。虽然陈桂平只能左手行医,但他却拥有温暖的“右臂”。
1998年,陈桂平和文安华结婚。多年来,为了支持丈夫的事业,文安华始终不离不弃:为了辅助陈桂平的日常工作,平日里她在诊所默默做好配药打针、打扫清洁、整理器械等琐碎工作;为了让陈桂平出诊之路更加顺畅,每当下乡出诊时,她便骑上自行车或者电瓶车,当起“专车司机”;为了让陈桂平锻炼手臂肌肉,不爱运动的她还当起了乒乓球陪练……
如今,在夫妻俩的共同努力下,前来问诊求医的村民络绎不绝。陈桂平也获评“全国岗位学雷锋标兵”“中国好人”“全国优秀乡村医生”等荣誉。
夫妻二人结婚多年来,由于医护工作繁忙,陈桂平很少陪妻子外出游玩。在陈桂平的抽屉里,放着两人的结婚证,上面的照片是家中唯一的合影。对此,妻子文安华少有怨言。“他没有右手,我觉得这不重要,男人有本事就好。他是我心中的‘神雕大侠’,虽然他不会武功,但是医术很棒。”文安华说。
图说1:陈桂平夫妇上门为当地村民问诊(8月13日摄)。 新华社记者 胡晨欢 摄
图说2:出诊途中,文安华替丈夫擦拭脸上的汗水(8月13日摄)。新华社记者 胡晨欢 摄








