
ပေကျင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ ပလာဝမ်ပြည်နယ်တွင် “တရားမဝင်ငါးဖမ်းဆီးမှု” စသည့် လှုပ်ရှားမှုများအား သတင်းပေးပို့နိုင်ရေး ဖိလစ်ပိုင်တံငါသည်များအား ကူညီရေးစင်တာတစ်ခု တည်ထောင်ခဲ့သည်ဟု ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ပြောကြားခဲ့သည့်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာသတင်းဖော်ပြချက်များကို သတိပြုမိကြောင်းနှင့် သက်ဆိုင်ရာအခြေအနေများကို အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၈ ရက် ပုံမှန်သတင်း စာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နိုင်ငံချင်း ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်းသည် ဒေသတွင်းနိုင်ငံများအကြား နားလည်မှုနှင့် ယုံကြည်မှုတိုးတက်စေရန် အထောက်အကူပြုပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရာတွင် အကျိုးရှိစေသင့်သည်ဟု တရုတ်နိုင်ငံက အစဉ်တစိုက် ယူဆထားကြောင်း၊ အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ ပုံမှန်ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် မကန့်ကွက်သော်လည်း သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည် တတိယနိုင်ငံကို ဦးတည်ခြင်း (သို့မဟုတ်) တတိယနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်ခြင်းမရှိစေသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
------------------
(Chinese Version)
外交部:美菲合作不应针对第三方或损害第三方利益
新华社北京8月18日电(记者董雪、孙楠)针对美国驻菲律宾使馆称在巴拉望省设立中心帮助菲渔民举报“非法捕鱼”等活动,外交部发言人林剑18日在例行记者会上表示,中方注意到有关报道,将密切关注有关情况。中方一贯认为,国与国之间开展交流合作,应当有助于增进地区国家间相互理解与信任,有利于促进地区和平稳定。我们不反对美菲开展正常合作,但有关合作不应针对第三方或损害第三方利益。








