တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ၁၄ ကြိမ်မြောက် NPC အမြဲတမ်းကော်မတီ၏ ၇၁ ကြိမ်မြောက် သဘာပတိများကောင်စီ အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပနေပုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိ တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ၁၄ ကြိမ်မြောက် NPC အမြဲတမ်းကော်မတီ၏ ၇၁ ကြိမ်မြောက် သဘာပတိများကောင်စီ အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပနေပုံကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့က နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမူကြမ်း တစ်စောင်ကို ဆွေးနွေးသုံးသပ်သွားမည်ဟု ဩဂုတ် ၁၈ ရက်က ကျင်းပခဲ့သည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ သဘာပတိများကောင်စီ အစည်းအဝေး ထုတ်ပြန်ကြေညာချက်အရ သိရသည်။

NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိက သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေး၌ ၁၄ ကြိမ်မြောက် NPC အမြဲတမ်းကော်မတီ၏ ၂၄ ကြိမ်မြောက် အစည်းအဝေးကို ဩဂုတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပရန် အတည်ပြုဆုံးဖြတ်ခဲ့ကာ အဆိုပါ အစည်းအဝေး၌ ဆွေးနွေးသုံးသပ်ရန်  အမျိုးသားစီမံကြီးကြပ်ရေး ကော်မရှင်က တင်သွင်းထားသည့် ဥပဒေမူကြမ်းကို ဥပဒေပြုပုဂ္ဂိုလ်များက ပြန်လည်သုံးသပ်သွားမည်ဟု မျှော်လင့်ရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ၁၄ ကြိမ်မြောက် NPC အမြဲတမ်းကော်မတီ၏ ဥပဒေပြုရေးအစီအစဉ်တွင် ပထမအဆင့် ဥပဒေပြုရေးအစီအစဉ်အဖြစ် ထည့်သွင်းခဲ့ရာ ယင်းဥပဒေကြမ်းအား လက်ရှိ NPC သက်တမ်းအတွင်း ဆွေးနွေးသုံးသပ်ရန် သတ်မှတ်လျာထားခြင်းလည်းဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းရေးကို မြှင့်တင်ဖော်ဆောင်ရန် နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ယခုနှစ် မတ်လတွင် ထုတ်ပြန်ခဲ့သည့် NPC အမြဲတမ်းကော်မတီ နှစ်ပတ်လည် လုပ်ငန်းအစီရင်ခံစာအရ သိရသည်။ ယင်းဥပဒေပြဋ္ဌာန်းရေး လုပ်ငန်းစဉ်အား မေလ၌ ထုတ်ပြန်သည့် NPC အမြဲတမ်းကော်မတီ၏ တစ်နှစ်တာ ဥပဒေပြုရေးလုပ်ငန်းစဉ်၌ ၂၀၂၆ ခုနှစ်အတွက် ဦးစားပေးကိစ္စရပ်အဖြစ် နောက်ပိုင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ယင်း၏ ကြိုးပမ်းအားထုတ်မှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိကာ ၂၀၂၅ ခုနှစ်တွင် အဂတိလိုက်စားမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ ၉၆၃ ဦးကို နိုင်ငံထဲသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်ဟု နိုင်ငံ၏ အဆင့်အမြင့်ဆုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ လုပ်ငန်းအစီရင်ခံစာအရ သိရသည်။

ဩဂုတ်လနှောင်းပိုင်းတွင် ကျင်းပမည့် အစည်းအဝေး၌ ဥပဒေပြုပုဂ္ဂိုလ်များက ကျန်းမာရေးစောင့်ရှောက်မှု အာမခံဆိုင်ရာ ဥပဒေကြမ်း၊ လယ်ယာမြေ ထိန်းသိမ်းကာကွယ်ရေးနှင့် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ ဥပဒေကြမ်းတို့အပြင် လယ်ယာစိုက်ပျိုးရေးဥပဒေ၊ နိုင်ငံတော်ကာကွယ်ရေးအတွက် စုရုံးပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေ၊ စီးပွားရေးလုပ်ငန်း ဒေဝါလီခံခြင်းဆိုင်ရာဥပဒေ၊ ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးဥပဒေ၊ ရေအရင်းအမြစ်ဥပဒေတို့နှင့် စပ်လျဉ်းသည့် မူကြမ်းပြင်ဆင်ချက်များကိုလည်း ဆွေးနွေးသုံးသပ်သွားမည်ဖြစ်သည်။

ထို့ပြင် ဥပဒေပြုပုဂ္ဂိုလ်များက ရှေ့နေများဆိုင်ရာဥပဒေ မူကြမ်းပြင်ဆင်ချက်ကို ဆွေးနွေးသုံးသပ်သွားမည် ဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာဥပဒေ မူကြမ်းပြင်ဆင်ချက်နှင့် စပ်လျဉ်း၍လည်းကောင်း၊ တရုတ်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့အကြား ရာဇဝတ်သားလွှဲပြောင်းရေးစာချုပ် အတည်ပြုခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း နိုင်ငံတော်ကောင်စီက တင်သွင်းသည့် အဆိုပြုချက်များကိုလည်း ပြန်လည်သုံးသပ်သွားမည်ဟု သိရသည်။ (Xinhua)

...................................................................

(English Version)

China's top legislature to review draft law against cross-border corruption

BEIJING, Aug. 18 (Xinhua) -- China's top legislature will deliberate on a draft law against cross-border corruption, according to a meeting of the Council of Chairpersons of the National People's Congress (NPC) Standing Committee on Tuesday.

The meeting, presided over by Chairman of the NPC Standing Committee Zhao Leji, decided to convene the 24th session of the 14th NPC Standing Committee from Aug. 25 to 28, where lawmakers are expected to review the draft law submitted for deliberation by the National Commission of Supervision.

In September 2023, the law on combating cross-border corruption was listed as a first-category legislative project in the legislative plan of the 14th NPC Standing Committee, which means it is slated for deliberation during the current NPC term.

According to an annual work report of the NPC Standing Committee released this March, a law on combating cross-border corruption will be formulated to advance national anti-corruption legislation. The formulation of the law was later listed as a priority for 2026 in the annual legislative agenda of the NPC Standing Committee unveiled in May.

China has been deepening its efforts in international anti-corruption cooperation, with 963 corrupt fugitives repatriated to the country in 2025, according to a work report from the country's top anti-graft body.

At the late-August session, lawmakers will also deliberate on draft laws on healthcare security and on farmland protection and quality improvement, as well as draft revisions to the Agriculture Law, the National Defense Mobilization Law, the Enterprise Bankruptcy Law, the Law on the Regulation of and Supervision over the Banking Industry, and the Water Law.

Moreover, they will deliberate on a draft amendment to the lawyers law, and review proposals submitted for deliberation by the State Council on a draft revision to the road traffic safety law and on the approval of an extradition treaty between China and Hungary.

English Caption

Zhao Leji, chairman of the National People's Congress (NPC) Standing Committee, presides over the 71st meeting of the Council of Chairpersons of the 14th NPC Standing Committee at the Great Hall of the People in Beijing, capital of China, Aug. 18, 2026. (Xinhua/Gao Jie)