တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျားယွိကွမ်းမြို့ရှိ ကျားယွိကွမ်းခံတပ်အား ညနေဆည်းဆာချိန်တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျားယွိကွမ်းမြို့ရှိ ကျားယွိကွမ်းခံတပ်အား ညနေဆည်းဆာချိန်တွင် ၂၀၂၆ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျားယွိကွမ်းခံတပ် မဟာတံတိုင်းကြီးနှင့် ဂျော်ဒန်နိုင်ငံ ပီထရာမြို့တို့သည် ၁၉၈၇ ခုနှစ်နှင့်‌ ၁၉၈၅ ခုနှစ်တို့၌ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့၏ “ကမ္ဘာ့အမွေအနှစ်စာရင်း” တွင် အသီးသီး ထည့်သွင်းခံခဲ့ရသည်။

ယင်းအနက်တစ်မြို့မှာ တရုတ်နိုင်ငံ မိုင်သောင်းချီရှည်လျားသော မဟာတံတိုင်းကြီး၏ အနောက်ဘက်စွန်း ခံတပ်ကြီးဖြစ်ပြီး ကျန်တစ်မြို့မှာမူ ရှေးဟောင်းရွှေ့ပြောင်းကုန်သည်များ သဲကန္တာရကို ဖြတ်သန်းသွားသည့် အရေးကြီး အချက်အချာဖြစ်သည်။ တစ်မြို့မှာ ပိုးလမ်းမကြီး၏အရှေ့စွန်းကို ကာကွယ်စောင့်ရှောက်နေပြီး တစ်မြို့မှာ အာရပ်လောကနှင့် မြေထဲပင်လယ်ယဉ်ကျေးမှုကို ချိတ်ဆက်ပေးလျက်ရှိသည်။ ၎င်းမြို့နှစ်မြို့သည် ပိုးလမ်းမကြီးကြောင့် ရေစက်ဆုံခဲ့ကြခြင်းဖြစ်သလို ယဉ်ကျေးမှုဖလှယ်ခြင်းကြောင့် ထပ်မံချိတ်ဆက်လာခဲ့သည်။

၂၀၂၅ ခုနှစ် မေလတွင် တရုတ်နိုင်ငံ ကျားယွိကွမ်းမြို့နှင့် ဂျော်ဒန်နိုင်ငံ ပီထရာမြို့တို့သည် ယဉ်ကျေးမှု ခရီးသွားလာရေး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းသည် နှစ်ဖက်က ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ညီအစ်မနေရာအဖြစ် ချိတ်ဆက်ပြီးနောက် အစဉ်အလာ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို တစ်ဆင့်တိုးခိုင်မြဲစေရန် ဆောင်ရွက်ခြင်းလည်း ဖြစ်ပေသည်။ (Xinhua)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

镜头连中外丨两座雄关一脉丝路——嘉峪关长城与佩特拉古城

新华社照片,北京,2026年8月18日

中国嘉峪关长城和约旦佩特拉古城分别于1987年和1985年被联合国教科文组织列入《世界遗产名录》。一座是中国万里长城西端雄关,一座是古代商旅穿越沙漠的重要枢纽;一座守护着丝绸之路东端,一座连接着阿拉伯世界与地中海文明。二者因丝绸之路结缘,也因文明交流再次相连。2025年5月,中国嘉峪关与约旦佩特拉签署文旅友好合作协议,这是双方继2017年缔结为姊妹世界文化遗产地之后进一步巩固传统友好关系。

图说1:这是夕阳映照下的嘉峪关关城(8月5日摄,无人机照片)。 新华社记者 陈斌 摄

图说2:这是7月23日在约旦佩特拉古城拍摄的卡兹尼神庙。新华社记者 辛梦晨 摄