
ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ၏ ထူးချွန်ထက်မြက်သော ပါတီဝင်၊ အချိန်ကာလကြာမြင့်စွာ စမ်းသပ်မှုကို ခံနိုင်သည့် သစ္စာရှိ ကွန်မြူနစ် တိုက်ပွဲဝင်အာဇာနည်၊ ထင်ရှားကျော်ကြားသော လူထုဘုံပိုင် ပစ္စည်းမဲ့လူတန်းစား တော်လှန်ရေးသမားနှင့် နိုင်ငံရေးသမား၊ ပါတီနှင့် နိုင်ငံတော်၏ ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်၊ တရုတ်ကွန်မြူနစ်ပါတီ ၁၄ ကြိမ်မြောက်နှင့် ၁၅ ကြိမ်မြောက် ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ၏ ဝန်ကြီးချုပ်ဟောင်း ရဲဘော် ကျူးရုန်ကျီး၏ ရုပ်ကလာပ်ကို ဩဂုတ် ၁၈ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့ ပါးပေါင်ဆန်းတော်လှန်ရေး ဂူဗိမာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ရဲဘော် ကျူးရုန်ကျီးသည် နာမကျန်းဖြစ်မှုကြောင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က ပေကျင်းမြို့၌ အသက် ၉၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ရဲဘော် ကျူးရုန်ကျီး အပြင်းအထန် နေထိုင်မကောင်း ဖြစ်ချိန်တွင်လည်းကောင်း၊ ကွယ်လွန်သွားချိန်တွင်လည်းကောင်း ရှီကျင့်ဖိန်နှင့်အတူ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီး၊ ဟန်ကျိန့်၊ ဟူကျင်ထောင်း စသည့် ရဲဘော်များသည် ဆေးရုံသို့ သွားရောက် မေးမြန်းကြည့်ရှုခြင်း သို့မဟုတ် နည်းလမ်းအသွယ်သွယ်ဖြင့် ရဲဘော် ကျူးရုန်ကျီး ကွယ်လွန်သွားခြင်းအပေါ် ဝမ်းနည်းရကြောင်းနှင့် ၎င်း၏ မိသားစုဝင်များအား နှစ်သိမ့်စကား အလေးအနက် ပြောကြားခဲ့သည်။
ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် ပါးပေါင်ဆန်း တော်လှန်ရေး ဂူဗိမာန်ခန်းမဆောင်သည် လေးနက်တည်ကြည်မှုအပြည့်ဖြင့် ဝမ်းနည်းဖွယ် တေးသံများ ညင်သာစွာ ပျံ့လွင့်လျက်သည်။ ပင်မခန်းမဆောင်ကြီး၏ အထက်တွင် “ရဲဘော် ကျူးရုန်ကျီးအား ဝမ်းနည်းအောက်မေ့ခြင်း” ဟူ၍ အမည်းရောင်နောက်ခံ၊ အဖြူရောင်စာလုံးဖြင့် ရေးထိုးထားသည့် စာတန်းကို ချိတ်ဆွဲထားပြီး ဆိုင်းဘုတ်၏ အောက်ဘက်တွင် ရဲဘော် ကျူးရုန်ကျီး၏ ရုပ်ပုံလွှာကို ချိတ်ဆွဲထားသည်။ ရဲဘော် ကျူးရုန်ကျီး၏ ရုပ်ကလာပ်သည် စိမ်းလန်းသော သစ်ပင်ပန်းမန်များ၏ အလယ်တွင် အေးချမ်းစွာ လဲလျောင်းလျက်ရှိပြီး ကိုယ်ပေါ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ အလံနီကြီးကို လွှမ်းခြုံထားသည်။
နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရှီကျင့်ဖိန်နှင့်တကွ လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီး၊ ဟန်ကျိန့် တို့သည် ဝမ်းနည်းဖွယ် တေးသံနှင့်အတူ ရဲဘော် ကျူးရုန်ကျီး၏ ရုပ်ကလာပ်ရှေ့သို့ ဖြည်းညင်းစွာ သွားရောက်ကာ ငြိမ်သက်စွာ ဂါရဝပြုပြီး သုံးကြိမ်သုံးခါ ဦးညွှတ်ဂါရဝပြုခဲ့သည်။ ထို့နောက် ၎င်းတို့သည် ရဲဘော် ကျူးရုန်ကျီး၏ မိသားစုဝင်များကို တစ်ဦးချင်း လက်ဆွဲနှုတ်ဆက်၍ နှစ်သိမ့်စကား ပြောကြားခဲ့သည်။ ဟူကျင်ထောင်းကလည်း ရဲဘော် ကျူးရုန်ကျီး ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း ပြသသည့်အနေဖြင့် လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့သည်။
ပါတီနှင့် နိုင်ငံ၏ သက်ဆိုင်ရာ ရဲဘော်အကြီးအကဲများက ကိုယ်တိုင်သွားရောက် ပို့ဆောင်နှုတ်ဆက်၍သော်လည်းကောင်း၊ နည်းလမ်းအသွယ်သွယ်ဖြင့်လည်းကောင်း ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။ ဗဟိုနှင့် နိုင်ငံတော် အဖွဲ့အစည်းဌာနများမှ သက်ဆိုင်ရာ ဌာနတာဝန်ရှိ ရဲဘော်များ၊ ရဲဘော် ကျူးရုန်ကျီး သက်ရှိထင်ရှားရှိစဉ် ခင်မင်ရင်းနှီးသူများနှင့် ဇာတိမွေးရပ်မြေမှ ကိုယ်စားလှယ်များလည်း လာရောက်ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
朱镕基同志遗体在京火化 习近平李强赵乐际王沪宁蔡奇丁薛祥李希韩正等到八宝山革命公墓送别。胡锦涛送花圈表示哀悼 朱镕基同志病重期间和逝世后,习近平李强赵乐际王沪宁蔡奇丁薛祥李希韩正胡锦涛等同志,前往医院看望或通过各种形式对朱镕基同志逝世表示沉痛哀悼并向其亲属表示深切慰问
新华社北京8月18日电 中国共产党的优秀党员,久经考验的忠诚的共产主义战士,杰出的无产阶级革命家、政治家,党和国家的卓越领导人,中国共产党第十四届、十五届中央政治局常委,国务院原总理朱镕基同志的遗体,18日在北京八宝山革命公墓火化。
朱镕基同志因病于2026年8月12日11时06分在北京逝世,享年98岁。
朱镕基同志病重期间和逝世后,习近平、李强、赵乐际、王沪宁、蔡奇、丁薛祥、李希、韩正、胡锦涛等同志,前往医院看望或通过各种形式对朱镕基同志逝世表示沉痛哀悼并向其亲属表示深切慰问。
18日上午,八宝山革命公墓礼堂庄严肃穆,哀乐低回。正厅上方悬挂着黑底白字的横幅“沉痛悼念朱镕基同志”,横幅下方是朱镕基同志的遗像。朱镕基同志的遗体安卧在鲜花翠柏丛中,身上覆盖着鲜红的中国共产党党旗。
上午9时30分许,习近平、李强、赵乐际、王沪宁、蔡奇、丁薛祥、李希、韩正等,在哀乐声中缓步来到朱镕基同志的遗体前肃立默哀,向朱镕基同志的遗体三鞠躬,并与朱镕基同志亲属一一握手,表示慰问。胡锦涛送花圈,对朱镕基同志逝世表示哀悼。
党和国家有关领导同志前往送别或以各种方式表示哀悼。中央和国家机关有关部门负责同志,朱镕基同志生前友好和家乡代表也前往送别。(完)
1. 8月18日,朱镕基同志遗体在北京八宝山革命公墓火化。习近平、李强、赵乐际、王沪宁、蔡奇、丁薛祥、李希、韩正等前往八宝山送别,胡锦涛送花圈表示哀悼。这是习近平与朱镕基亲属握手,表示深切慰问。 新华社记者 谢环驰 摄








