
ပေကျင်း၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ် စက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီ Unitree Robotics သည် ရှန်ဟိုင်း စတော့အိတ်ချိန်း၏ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု ဘုတ်အဖွဲ့ (STAR Market) သို့ ဩဂုတ် ၁၉ ရက်က တရားဝင် စတင်ဝင်ရောက်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ဩဂုတ် ၁၇ ရက်တွင် ရှန်ဟိုင်းစတော့အိတ်ချိန်းသို့ တင်သွင်းသည့် ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။
ဟန်ကျိုးမြို့အခြေစိုက် အဆိုပါ ကုမ္ပဏီရုံးချုပ်သည် အစုရှယ်ယာတစ်စုလျှင် တရုတ်ယွမ်ငွေ ၁၅၀.၈ ယွမ် (အမေရိကန်ဒေါ်လာ ၂၂.၂ ဒေါ်လာခန့်) ဈေးနှုန်းဖြင့် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း၊ ကနဦး အများပြည်သူသို့ ရှယ်ယာရောင်းချပြီးနောက် ဈေးကွက် တန်ဖိုးစုစုပေါင်းမှာ ခန့်မှန်းခြေအားဖြင့် တရုတ်ယွမ် ၆၀.၉၉၃ ဘီလီယံခန့် ရှိလာမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

------------------------------------------
(English Version)
Chinese robot maker Unitree to debut on Shanghai market Wednesday
BEIJING, Aug. 17 (Xinhua) -- Chinese robot maker Unitree Robotics will make its debut on the Shanghai Stock Exchange's sci-tech innovation board, or STAR Market, on Wednesday, the company said in an announcement filed with the bourse on Monday.
The Hangzhou-based company will be listed at an offering price of 150.8 yuan (about 22.2 U.S. dollars) per share, giving the company an estimated market capitalization of about 60.993 billion yuan following its initial public offering, according to the announcement.
1. A Unitree G1 humanoid robot carries an object with both hands at an exhibition hall of Unitree Robotics in Hangzhou, east China's Zhejiang Province, April 23, 2025.
2. A Unitree G1 humanoid robot shows a handshake action at an exhibition hall of Unitree Robotics in Hangzhou, east China's Zhejiang Province, April 23, 2025.








