အင်ဒိုနီးရှားနိုင်ငံ ဖလော်ရက်စ်ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပုံကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ (Basarnas) က ပေးပို့သည့်ဓာတ်ပုံ၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Basarnas/Handout via Xinhua)
အင်ဒိုနီးရှားနိုင်ငံ ဖလော်ရက်စ်ကျွန်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပုံကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ (Basarnas) က ပေးပို့သည့်ဓာတ်ပုံ၌ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Basarnas/Handout via Xinhua)

ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အင်ဒိုနီးရှားနိုင်ငံ၌ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးမှုများအတွက် ဝမ်းနည်းနှစ်သိမ့်ကြောင်းသဝဏ်လွှာအား သြဂုတ် ၁၇ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့နူဆာတန်ဂါရာပြည်နယ်အနီးရှိ ပင်လယ်ပြင်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ကာ  လူအများအပြား သေဆုံး၍ အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည့်အတွက် လွန်စွာ ဝမ်းနည်းကြေကွဲရပါကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Sugiono ထံ ပေးပို့သော ဝမ်းနည်းနှစ်သိမ့်ကြောင်းသဝဏ်လွှာတွင် ပြောကြားခဲ့သည်။

ထို့ပြင် ဝမ်က သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း၊ သေဆုံးသူများ၏ မိသားစုဝင်များနှင့်  ဒဏ်ရာရရှိသူများကိုလည်း စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်အားပေးပါကြောင်း သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)

……………………………………..

(English Version)

Chinese FM extends condolences over Indonesia's strong earthquake

BEIJING, Aug. 18 (Xinhua) -- Chinese Foreign Minister Wang Yi sent condolences on Monday over the casualties caused by a strong earthquake in Indonesia.

In a message to Indonesian Foreign Minister Sugiono, Wang, also a member of the Political Bureau of the Communist Party of China Central Committee, said he was deeply saddened to learn that a powerful earthquake struck waters near Indonesia's East Nusa Tenggara province, causing serious casualties and property losses.

Wang mourned the dead and extended sincere sympathies to the bereaved families and the injured.

Photo caption: This photo provided by Indonesia's National Search and Rescue Agency (Basarnas) shows rescuers conducting search and rescue operations after an earthquake, on Flores Island, Indonesia, on Aug. 15, 2026. (Basarnas/Handout via Xinhua)