
သန်းတုန်း၊ (လျောင်နင်)၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
လီဖုန်သည် တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် သန်းတုန်းမြို့ နယ်စပ်စီမံခန့်ခွဲရေး နယ်စပ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ခွဲ မာစစ်မြို့ နယ်စပ်ရဲစခန်း ဒုတိယစခန်းမှူးဖြစ်သည်။ ရဲဝန်ထမ်း တာဝန်ထမ်းဆောင်သည့် ၁၆ နှစ်တာအတွင်း ၎င်းသည် နယ်စပ်ရှေ့တန်းဒေသ၌ အခြေစိုက်ကာ နယ်စပ်စီမံခန့်ခွဲမှု၏ လုပ်ငန်းလိုအပ်ချက်အရ အများပြည်သူအား နှိုးဆော်ခြင်း၊ အများပြည်သူအား စုစည်းခြင်းတို့ အပြည့်အဝ လုပ်ဆောင်၍ “မာစစ်မြို့ စေတနာ့ဝန်ထမ်းရဲ” နှင့် “မာစစ်မြို့ လှေနီ” စသည့် အများပြည်သူ ကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုအဖွဲ့များကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။
အများပြည်သူအား ဝန်ဆောင်မှုပေးခြင်းနှင့် နယ်စပ်ဒေသ စီမံခန့်ခွဲမှုအကြား လစ်ဟင်းမှုမရှိအောင် ချိတ်ဆက်ပေးခြင်းသည် လီဖုန်၏ လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ရတနာပင်ဖြစ်သည်။
အလုပ်လုပ်ကိုင်ရာတွင် ၎င်းက တစ်ဦးတည်းနေထိုင်သူ သက်ကြီးရွယ်အိုအား ကူညီပေးခြင်း၊ ၎င်းကွပ်ကဲသောဒေသအတွင်းရှိ လူငယ်များ တိုးတက်ကြီးပြင်းမှုကို ဂရုစိုက်ခြင်း၊ ရုတ်တရက် ရောဂါဖြစ်ပွားသော သက်ကြီးရွယ်အိုအား ကူညီပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအား ရွာထဲသို့ဖိတ်ခေါ်၍ သစ်သီးဝလံ ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုကို လမ်းညွှန်ပေးခြင်း စသည်တို့ လုပ်ဆောင်ခဲ့ရာ အဆိုပါ ပြည်သူ့လူနေမှုဘဝ အကျိုးပြုသည့် လုပ်ငန်းများကြောင့် ၎င်းကွပ်ကဲသည့် ဒေသအတွင်းရှိ ပြည်သူများက ၎င်းအား ချစ်စနိုးဖြင့် “နွေးထွေးမှုအပြည့်ရှိသော တာ့ဖုန်” ဟု ခေါ်ဝေါ်ကြသည်။ ၎င်းတာဝန်ထမ်းဆောင်ရာ ရဲစခန်းသည်လည်း တစ်နိုင်ငံလုံး “လူငယ်ယဉ်ကျေးမှု အမှတ်သင်္ကေတ” ၊ လျောင်နင်ပြည်နယ် “ရှေ့ပြေး ပြည်သူ့လုံခြုံရေးရဲစခန်း” စသည့် ဂုဏ်ပြုဆုတံဆိပ်များစွာ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
-----------------------
(Chinese Version)
万里边疆行丨“暖心大鹏”
新华社照片,丹东(辽宁),2026年8月17日
李鹏是辽宁丹东边境管理支队马市边境派出所副所长。入警工作16年来,他扎根边境一线,根据边境管理的工作需要,充分发动群众、组织群众,牵头创立了“马市义警”和“马市红舟”等群防群治队伍。把服务群众与边境管控无缝衔接,是李鹏的工作法宝。工作中,他帮扶救助独居老人、关爱辖区青少年成长、救助突发疾病老人、邀请农业专家到村庄指导蔬果种植......一件件民生实事,让他被辖区群众亲切称为“暖心大鹏”。其所在派出所先后获得全国“青年文明号”、辽宁省“枫桥式公安派出所”等荣誉称号。
图说1:8月10日,丹东边境管理支队马市边境派出所民警李鹏(前)和同事出发执勤。 新华社记者 李钢 摄
图说2:8月10日,丹东边境管理支队马市边境派出所民警李鹏(中)在市集上和辖区居民聊天。新华社记者 李钢 摄








