
ကျီနန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)
စက်ယန္တရားယာဉ် ၅၀၀ ကျော်နှင့် အစုံလိုက်ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်ထားသော ကုန်တင်သင်္ဘောတစ်စင်းသည် တရုတ်နိုင်ငံ ဆန်းတုန်းဆိပ်ကမ်း ယန်းထိုင်သင်္ဘောဆိပ်မှ အာဖရိကတိုက် ဂါနာနိုင်ငံသို့ ဩဂုတ် ၁၆ ရက်တွင် စတင်ထွက်ခွာခဲ့သည်။ အဆိုပါကုန်ပစ္စည်းများအပါအဝင် ဆန်းတုန်း ဆိပ်ကမ်း ယန်းထိုင်သင်္ဘောဆိပ်၏ တရုတ်-အာဖရိက အထွေထွေကုန်စည် နှစ်စဉ်ပုံမှန်ပင်လယ်ကူး သယ်ယူပို့ဆောင်ရေးပမာဏမှာ ပထမဆုံးအကြိမ်အဖြစ် တန်ချိန် ၆ သန်းကျော် ရှိပြီဖြစ်သည်။ ယင်းမှာ လွန်ခဲ့သောနှစ်ကာလတူထက် ၆၆.၁ ရာခိုင်နှုန်း တိုးတက်လာကာ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံး သယ်ယူပို့ဆောင်ရေးပမာဏထက် ၄ လ စော၍ ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)
------------------------------------------
(Chinese Version)
2026年烟台港中非件杂货运量突破600万吨
8月16日,一艘装载着500余台机械车辆及成套工程建材的货轮从山东港口烟台港启航前往非洲加纳。截至该批货物,山东港口烟台港中非件杂货班轮年发运量首次突破600万吨,较去年同期增长66.1%,提前4个月超2025年全年运量。
1. 8月16日,出口加纳的国产客车在山东港口烟台港装船(无人机照片)。新华社发(张超摄)
2. 8月16日晚,货轮从山东港口烟台港起航驶往加纳(无人机照片)。新华社发(张超摄)








