ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
Unitree Robotics ကုမ္ပဏီက ခြေတံအရှည် ၀.၈၅ မီတာရှိကာ မတ်တတ်ရပ်အနေအထားမှ အမြင့် ၂ မီတာအထိ ခုန်နိုင်ပြီး တစ်စက္ကန့်လျှင် အမြင့်ဆုံးအမြန်နှုန်း ၁၂.၆၆ မီတာ (တစ်နာရီလျှင် ၄၅.၆ ကီလိုမီတာ) အထိ ပြေးနိုင်သည့် လူပုံစံတူစက်ရုပ် အမျိုးအစားသစ်ကို ဩဂုတ် ၁၇ ရက်က မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ စက်ရုပ်မှာ တီထွင်စမ်းသပ်မှုကာလ သုံးလကျော်အကြာမှာပင် ကမ္ဘာတစ်ဝန်းရှိ လူသားတို့၏ အမြင့်ခုန်နှင့် အပြေးအမြန်နှုန်း စံချိန်များကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း ကုမ္ပဏီက ပြောသည်။ ပိုမိုကောင်းမွန်အောင် ထပ်မံအဆင့်မြှင့်တင်နိုင်မည့် အလားအလာများစွာ ရှိနေသည့်အတွက် လာမည့်လများအတွင်း စက်ရုပ်၏ စွမ်းဆောင်ရည်မှာ သိသိသာသာ တိုးတက်လာနိုင်ကြောင်းလည်း Unitree က ဆိုသည်။ (Xinhua)
...........................................................................
(English Version)
Unitree unveils "Superman" humanoid robot
Unitree Robotics unveiled Monday a new humanoid robot, achieving a 2-meter standing high jump and a top speed of 12.66 m/s (45.6 km/h) with a leg length of 0.85 meters. The company says the machine has surpassed the standing high-jump and running-speed records of humans worldwide, after just over three months of development. With substantial room for further optimization, Unitree says the robot's performance could improve significantly in the months ahead.








