
ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
ကွယ်လွန်သူ နိုင်ငံ့အကြီးအကဲ ကျန်ဇီမင်း၏ ဆန်းသစ်တီထွင်မှုရှိသော စိတ်ဓာတ်ကို လေ့လာသင်ယူနိုင်ရေးအတွက် ကြိုးပမ်းကြရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဩဂုတ် ၁၇ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်းမြို့တွင် ကျင်းပသည့် ကျန်ဇီမင်း၏ မွေးနေ့ရာပြည့် အထိမ်းအမှတ်အခမ်းအနားကြီး၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ရှီက သဘောတရားရေးရာ၊ အဖွဲ့အစည်းများ၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များ၌ ဆန်းသစ်တီထွင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်ဖော်ဆောင်ရာတွင် ကျန်၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် ချီးကျူးဂုဏ်ပြုခဲ့သည်။
ကျန်သည် ပါတီတစ်ရပ်လုံး၏ အသိပညာများကို စုစည်းခြင်းဖြင့် ဆိုရှယ်လစ်စနစ်ဆိုသည်မှာ အဘယ်နည်း၊ ယင်းအား မည်သို့တည်ထောင်မည်နည်းဟူသော မေးခွန်းများကို ပိုမိုပီပြင်စွာဖြေရှင်းပေးခဲ့ကာ မည်သို့သော ပါတီကို တည်ထောင်ရမည်၊ ယင်းအား မည်သို့တည်ထောင်ရမည် ဆိုသည်ကိုလည်း ထိုးထွင်းဉာဏ်ဖြင့် ဖြေရှင်းပေးခဲ့သည့် Theory of Three Represents သီအိုရီကို ဖန်တီးခဲ့သည်ဟုလည်း ရှီက ပြောသည်။
ခေတ်သစ်ခရီး၌ တရုတ်နိုင်ငံ၊ ကမ္ဘာကြီး၊ ပြည်သူများနှင့် ခေတ်ကာလများတွင် ရင်ဆိုင်နေရသည့် ကိစ္စရပ်များကို သင့်လျော်ကောင်းမွန်စွာ တုံ့ပြန်ဖြေရှင်းကာ မာ့ခ်ဝါဒကို တရုတ်နိုင်ငံ၏ အခြေအနေနှင့်သော်လည်းကောင်း၊ ခေတ်ကာလ၏ လိုအပ်ချက်များနှင့်သော်လည်းကောင်း လိုက်လျောညီထွေ ချိန်ညှိ၍ တိုးတက်ဖြစ်ထွန်းမှုအသစ်များ စဉ်ဆက်မပြတ် ရှာဖွေရန် အရေးကြီးကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)
.........................................................................................
(English Version)
Xi calls for learning from Jiang Zemin's innovative spirit
BEIJING, Aug. 17 (Xinhua) -- Chinese President Xi Jinping on Monday called for efforts to learn from the innovative spirit of late leader Jiang Zemin.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks at a grand gathering held in Beijing to mark Jiang's birth centenary.
Addressing the event, Xi hailed Jiang's efforts in continuously advancing innovations in theory, institutions, science and technology, culture, and other fields.
Xi said that by pooling the wisdom of the whole Party, Jiang created the Theory of Three Represents, which has further answered the questions of what socialism is and how to build it, and creatively addressed what kind of Party to build and how to build it.
On the new journey, it is essential to properly respond to the questions facing China, the world, the people and the times, and constantly break new frontiers in adapting Marxism to the Chinese context and the needs of the times, Xi said.
Chinese Caption
图说:纪念江泽民同志诞辰100周年大会17日上午在京隆重举行。中共中央总书记、国家主席、中央军委主席习近平出席大会并发表重要讲话。








